31 ရှေဘပြည်ကဘုရင်မသည်ဉာဏ်ပညာရှင် ရှောလမုန်မင်းကြီး၏စကားကိုကြားနာရ အောင်ဝေးလံရပ်ခြားတိုင်းတစ်ပါးမှလာ ရောက်ခဲ့၏။ ယခုအခါ၌မူရှောလမုန်ထက် ကြီးမြတ်သည့်အရာရောက်ရှိနေလေပြီ။ သို့ ဖြစ်၍တရားစီရင်တော်မူရာနေ့တွင်ရှေဘ ပြည်ဘုရင်မသည်ထ၍ထိုသူတို့အားပြစ် တင်စွပ်စွဲလိမ့်မည်။-
32 နိနေဝေမြို့သားတို့သည်ယောနဟောပြော သွန်သင်ချက်ကြောင့်နောင်တရခဲ့ကြ၏။ ယခု မှာမူယောနထက်ကြီးမြတ်သည့်အရာရောက် ရှိနေလေပြီ။ တရားစီရင်တော်မူရာနေ့၌ နိနေဝေမြို့သားတို့သည်ထ၍ဤလူတို့ အားပြစ်တင်စွပ်စွဲကြလိမ့်မည်'' ဟုမိန့်တော် မူ၏။
33 လူတို့သည် ``ဆီမီးကိုထွန်းညှိ၍ဖုံးကွယ်ထား လေ့မရှိ။ တောင်းဖြင့်လည်းအုပ်ထားလေ့မရှိ။ အိမ်ထဲသို့ဝင်လာသူများအလင်းရစေရန် မီးတင်ခုံပေါ်မှာတင်ထားလေ့ရှိ၏။-
34 မျက်စိသည်ကိုယ်ခန္ဓာအတွက်ဆီမီးသဖွယ်ဖြစ် ၏။ မျက်စိကောင်းလျှင်သင်၏ကိုယ်ခန္ဓာတစ်ခု လုံးလင်းလိမ့်မည်။ မျက်စိမကောင်းလျှင်မူကား သင်၏ကိုယ်ခန္ဓာတစ်ခုလုံးသည်မှောင်လျက် နေလိမ့်မည်။-
35 သို့ဖြစ်၍သင်တို့တွင်ရှိသည့်အလင်းသည် အမှောင်မဖြစ်စေရန်သတိပြုကြလော့။-
36 အကယ်၍သင်၏ကိုယ်ခန္ဓာတစ်ခုလုံးသည် မှောင်ကွက်လုံးဝမရှိဘဲလင်းလျက်နေလျှင် ဆီမီးသည်တောက်ပသောအလင်းဖြင့်သင့် အပေါ်၌ထွန်းလင်းသကဲ့သို့ သင်တို့ကိုယ် ခန္ဓာတစ်ခုလုံးသည်အလင်းနှင့်ပြည့်လိမ့် မည်'' ဟုမိန့်တော်မူ၏။
37 ထိုသို့ကိုယ်တော်မိန့်တော်မူပြီးသောအခါ ဖာရိရှဲတစ်ယောက်သည်ကိုယ်တော်အားည စာသုံးဆောင်တော်မူရန်ပင့်ဖိတ်၏။-