လုကာ 11:33-39 BCL

33 လူ​တို့​သည် ``ဆီ​မီး​ကို​ထွန်း​ညှိ​၍​ဖုံး​ကွယ်​ထား လေ့​မ​ရှိ။ တောင်း​ဖြင့်​လည်း​အုပ်​ထား​လေ့​မ​ရှိ။ အိမ်​ထဲ​သို့​ဝင်​လာ​သူ​များ​အ​လင်း​ရ​စေ​ရန် မီး​တင်​ခုံ​ပေါ်​မှာ​တင်​ထား​လေ့​ရှိ​၏။-

34 မျက်​စိ​သည်​ကိုယ်​ခန္ဓာ​အ​တွက်​ဆီ​မီး​သ​ဖွယ်​ဖြစ် ၏။ မျက်​စိ​ကောင်း​လျှင်​သင်​၏​ကိုယ်​ခန္ဓာ​တစ်​ခု လုံး​လင်း​လိမ့်​မည်။ မျက်စိ​မ​ကောင်း​လျှင်​မူ​ကား သင်​၏​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည်​မှောင်​လျက် နေ​လိမ့်​မည်။-

35 သို့​ဖြစ်​၍​သင်​တို့​တွင်​ရှိ​သည့်​အ​လင်း​သည် အ​မှောင်​မ​ဖြစ်​စေ​ရန်​သ​တိ​ပြု​ကြ​လော့။-

36 အ​ကယ်​၍​သင်​၏​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည် မှောင်​ကွက်​လုံး​ဝ​မ​ရှိ​ဘဲ​လင်း​လျက်​နေ​လျှင် ဆီ​မီး​သည်​တောက်​ပ​သော​အ​လင်း​ဖြင့်​သင့် အ​ပေါ်​၌​ထွန်း​လင်း​သ​ကဲ့​သို့ သင်​တို့​ကိုယ် ခန္ဓာ​တစ်​ခု​လုံး​သည်​အ​လင်း​နှင့်​ပြည့်​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။

37 ထို​သို့​ကိုယ်​တော်​မိန့်​တော်​မူ​ပြီး​သော​အ​ခါ ဖာ​ရိ​ရှဲ​တစ်​ယောက်​သည်​ကိုယ်​တော်​အား​ည စာ​သုံး​ဆောင်​တော်​မူ​ရန်​ပင့်​ဖိတ်​၏။-

38 ကိုယ်​တော်​သည်​ထို​သူ​၏​အိမ်​သို့​ကြွ​၍​စား​ပွဲ တွင်​ထိုင်​တော်​မူ​၏။ ဤ​သို့​အ​စား​အ​စာ​မ​သုံး ဆောင်​မီ​ကိုယ်​တော်​သည်​ဆေး​ကြော​ခြင်း​ပြု တော်​မ​မူ​သည်​ကို​ထို​ဖာ​ရိ​ရှဲ​မြင်​သော​အ​ခါ အံ့​သြ​လေ​၏။-

39 သ​ခင်​ဘု​ရား​က ``သင်​တို့​ဖာရိရှဲ​များ​သည်​ပန်း ကန်​ခွက်​ယောက်​များ​၏​ပြင်​ပ​ကို​စင်​ကြယ်​အောင် ဆေး​ကြော​ကြ​သော်​လည်း​သင်​တို့​၏​စိတ်​အ​တွင်း မှာ​ကား​အ​ကြမ်း​ဖက်​မှု၊ ဆိုး​ညစ်​မှု​တို့​ဖြင့်​ပြည့် လျက်​နေ​၏။-