လုကာ 12:47-53 BCL

47 ``အ​ရှင်​၏​အ​လို​ဆန္ဒ​ကို​သိ​လျက်​နှင့်​အ​သင့် ပြင်​ဆင်​၍​မ​ထား၊ ထို​အ​လို​ဆန္ဒ​သို့​လိုက်​လျော ခြင်း​ကို​မ​ပြု​ဘဲ​နေ​သော​အ​စေ​ခံ​သည်​ကြိမ် ဒဏ်​များ​စွာ​ခံ​ရ​လတ္တံ့။-

48 သို့​ရာ​တွင်​သ​ခင်​အ​လို​ဆန္ဒ​ကို​မ​သိ​ဘဲ ကြိမ်​ဒဏ်​ထိုက်​သော​အ​မှု​ကို​ပြု​မိ​သော​သူ မူ​ကား အ​နည်း​ငယ်​သာ​ကြိမ်​ဒဏ်​ခံ​ရ​လတ္တံ့။ ကျေး​ဇူး​ပြု​ခြင်း​များ​စွာ​ခံ​ရ​သော​သူ​သည် တာ​ဝန်​များ​စွာ​ရှိ​လိမ့်​မည်။ ပို​၍​ယုံ​ကြည် အပ်​နှံ​ခြင်း​ခံ​ရ​သော​သူ​သည်​ပို​၍​ဆောင် ရွက်​စ​ရာ​ရှိ​လိမ့်​မည်။

49 ``ငါ​သည်​ဤ​လော​က​ကို​မီး​လောင်​စေ​ရန်​လာ ၏။ ယ​ခု​ပင်​မီး​လောင်​စေ​ချင်​လှ​ပြီ။-

50 ငါ​ခံ​ယူ​ရ​မည့်​ဗတ္တိ​ဇံ​တစ်​ပါး​ရှိ​၏။ ထို​အ​မှု ကို​ဆောင်​ရွက်​၍​မ​ပြီး​မ​ချင်း ငါ​သည်​စိတ် ဒုက္ခ​ရောက်​လှ​၏။-

51 ဤ​လော​က​ကို​ငြိမ်း​ချမ်း​သာ​ယာ​မှု​ပေး​ရန် ငါ​လာ​သည်​ဟု​ထင်​ကြ​သ​လော။ ယင်း​သို့​မ​ဟုတ်။ လူ​တို့​အ​ချင်း​ချင်း​စိတ်​ဝမ်း​ကွဲ​ပြား​စေ​ရန် သာ​လျှင်​ငါ​လာ​သ​တည်း။-

52 ယ​ခု​မှ​စ​၍​လူ​ငါး​ယောက်​ရှိ​သည့်​အိမ်​ထောင် တွင်​နှစ်​ယောက်​က​တစ်​ဖက်၊ သုံး​ယောက်​က တစ်​ဖက်​စိတ်​ဝမ်း​ကွဲ​ပြား​ကြ​လိမ့်​မည်။-

53 ဖ​ခင်​နှင့်​သား၊ မိ​ခင်​နှင့်​သ​မီး၊ ယောက္ခ​မ​ဖြစ် သူ​နှင့်​ချွေး​မ​အ​ချင်း​ချင်း​စိတ်​ဝမ်း​ကွဲ​ပြား လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။