လုကာ 13:7-14 BCL

7 ဥ​ယျာဉ်​ရှင်​က `ငါ​သည်​ဤ​သ​ဖန်း​ပင်​ကို​လာ​၍ သ​ဖန်း​သီး​ရှာ​သည်​မှာ​သုံး​နှစ်​ရှိ​ချေ​ပြီ။ သို့​ရာ တွင်​တစ်​လုံး​မျှ​မ​တွေ့​ရ။ ဤ​သ​ဖန်း​ပင်​ကို​ခုတ် ပစ်​လော့။ အ​ဘယ်​ကြောင့်​မြေ​ကို​အ​ကျိုး​မဲ့ ဖြစ်​စေ​မည်​နည်း' ဟု​ဥယျာဉ်​မှူး​အား​ဆို​၏။-

8 ဥ​ယျာဉ်​မှူး​က `ထို​အ​ပင်​ကို​ဤ​နှစ်​တစ်​နှစ် ထား​ပါ​ဦး။ အ​ပင်​ရင်း​ပတ်​လည်​ကို​အ​ကျွန်ုပ် တူး​ဆွ​၍​မြေ​သြ​ဇာ​ထည့်​ပါ​ဦး​မည်။-

9 နောင်​နှစ်​ခါ​အ​သီး​သီး​ကောင်း​သီး​ပါ​လိမ့်​မည်။ အ​ကယ်​၍​အ​သီး​မ​သီး​ခဲ့​သော်​ခုတ်​ပစ်​ပါ' ဟု ပြန်​၍​လျှောက်​သည်'' ဟု​မိန့်​တော်​မူ​၏။

10-11 ဥ​ပုသ်​နေ့​တစ်​နေ့​၌​ကိုယ်​တော်​ဟော​ပြော​သွန် သင်​လျက်​နေ​တော်​မူ​ရာ တ​ရား​ဇ​ရပ်​တွင်​တစ် ဆယ့်​ရှစ်​နှစ်​ပတ်​လုံး​နတ်​မိစ္ဆာ​ပူး​ဝင်​သ​ဖြင့် မ​သန်​မ​စွမ်း​ဖြစ်​လျက်​နေ​သော​အ​မျိုး​သ​မီး တစ်​ယောက်​ရှိ​၏။ သူ​သည်​ကျော​ကုန်း​၍​မိ​မိ ၏​ခါး​ကို​လုံး​ဝ​မ​ဆန့်​နိုင်။-

12 သ​ခင်​ယေ​ရှု​သည်​ထို​အ​မျိုး​သ​မီး​ကို​မြင် သော​အ​ခါ အ​ထံ​တော်​သို့​ခေါ်​တော်​မူ​လျက် ``အ​ချင်း​အ​မျိုး​သ​မီး​သင့်​ရော​ဂါ​ပျောက် ပြီ'' ဟု​မိန့်​တော်​မူ​၏။-

13 သူ​၏​အ​ပေါ်​မှာ​လက်​တော်​ကို​တင်​တော်​မူ သ​ဖြင့် သူ​သည်​ချက်​ချင်း​ပင်​ခါး​ဆန့်​သွား​၍ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​ကူး လေ​၏။

14 ထို​အ​ခါ​ယင်း​သို့​ဥ​ပုသ်​နေ့​၌​အ​နာ​ရော​ဂါ​ကို သ​ခင်​ယေ​ရှု​ပျောက်​ကင်း​စေ​တော်​မူ​သ​ဖြင့် တ​ရား ဇ​ရပ်​မှူး​သည်​စိတ်​ဆိုး​လျက် ``အ​လုပ်​လုပ်​အပ် သော​ရက်​ခြောက်​ရက်​ရှိ​၏။ ထို​ရက်​များ​တွင်​လာ​၍ ရော​ဂါ​ပျောက်​အောင်​အ​ကု​ခံ​ကြ​လော့။ ဥ​ပုသ် နေ့​၌​မူ​ကား​လာ​၍​အ​ကု​မ​ခံ​ကြ​နှင့်'' ဟု​လူ ပ​ရိ​သတ်​တို့​အား​ဆို​၏။