လုကာ 2:18-24 BCL

18 သိုး​ထိန်း​များ​ပြော​ကြား​ချက်​ကို​ကြား​ရ​သူ အ​ပေါင်း​တို့​သည်​အံ့​သြ​ကြ​၏။-

19 သို့​သော်​မာ​ရိ​သည်​အ​ကြောင်း​အ​ရာ​အ​လုံး​စုံ တို့​ကို​မှတ်​ကျုံး​ကာ​စဉ်း​စား​ဆင်​ခြင်​လျက်​နေ ၏။-

20 သိုး​ထိန်း​တို့​သည်​ကောင်း​ကင်​တ​မန်​ဖော်​ပြ​သည့် အ​တိုင်း​တွေ့​မြင်​ကြား​သိ​ရ​သ​ဖြင့် ဘု​ရား သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ချီး​ကူး လျက်​ပြန်​သွား​ကြ​၏။

21 သူ​ငယ်​တော်​ရှစ်​ရက်​သား​ရှိ​၍​အ​ရေ​ဖျား​လှီး မင်္ဂ​လာ​ခံ​ယူ​ရန်​အ​ချိန်​စေ့​သော​အ​ခါ သူ့​အား ယေ​ရှု​ဟု​နာ​မည်​မှည့်​ကြ​၏။ ဤ​နာ​မည်​ကား သူ​ငယ်​တော်​ပဋိ​သန္ဓေ​မ​နေ​မီ​က​ပင် ကောင်း​ကင် တ​မန်​က​မှည့်​ခေါ်​စေ​သည့်​နာ​မည်​ဖြစ်​၏။

22 မော​ရှေ​၏​ပ​ညတ်​ပြ​ဋ္ဌာန်း​ချက်​အ​ရ​မိ​ဘ နှစ်​ပါး​တို့​သည်​သန့်​စင်​ခြင်း​မင်္ဂ​လာ​ကို​ပြု ရန်​အ​ချိန်​ရောက်​လာ​သ​ဖြင့် သူ​ငယ်​တော်​ကို ယေ​ရု​ရှ​လင်​မြို့​သို့​ခေါ်​သွား​၍​ထာ​ဝ​ရ ဘု​ရား​အား​ဆက်​ကပ်​ကြ​၏။-

23 သား​ဦး​မှန်​သ​မျှ​ကို​ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​ရ​မည်​ဟူ​၍​လည်း​ကောင်း၊-

24 ချိုး​နှစ်​ကောင်​ကို​ဖြစ်​စေ၊ ခို​ငယ်​နှစ်​ကောင်​ကို ဖြစ်​စေ​ပူ​ဇော်​ရ​မည်​ဟူ​၍​လည်​ကောင်း ထာ​ဝ​ရ ဘု​ရား​၏​ပညတ်​တော်​တွင်​ဖော်​ပြ​ပါ​ရှိ​သည်​နှင့် အ​ညီ​ဆက်​ကပ်​ပူ​ဇော်​ကြ​၏။