လုကာ 2:23-29 BCL

23 သား​ဦး​မှန်​သ​မျှ​ကို​ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​ရ​မည်​ဟူ​၍​လည်း​ကောင်း၊-

24 ချိုး​နှစ်​ကောင်​ကို​ဖြစ်​စေ၊ ခို​ငယ်​နှစ်​ကောင်​ကို ဖြစ်​စေ​ပူ​ဇော်​ရ​မည်​ဟူ​၍​လည်​ကောင်း ထာ​ဝ​ရ ဘု​ရား​၏​ပညတ်​တော်​တွင်​ဖော်​ပြ​ပါ​ရှိ​သည်​နှင့် အ​ညီ​ဆက်​ကပ်​ပူ​ဇော်​ကြ​၏။

25 ထို​အ​ခါ​၌​ယေ​ရု​ရှ​လင်​မြို့​တွင်​ရှု​မောင်​နာ​မည် ရှိ​သော​လူ​တစ်​ယောက်​ရှိ​၏။ သူ​သည်​ဘု​ရား​တ​ရား ကြည်​ညို​သော​သူ​တော်​ကောင်း​တစ်​ဦး​ဖြစ်​၏။ ဣ​သ ရေ​လ​လူ​မျိုး​တို့​ကယ်​တင်​ခြင်း​ကို​ရ​ရှိ​ရန်​စောင့် မျှော်​နေ​သူ​တည်း။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သူ​နှင့်​အ​တူ​ရှိ​၏။-

26 ``သင်​သည်​ဘု​ရား​သ​ခင်​က​တိ​ထား​တော်​မူ​သော မေ​ရှိ​ယ​ကို​မ​ဖူး​မ​မြင်​ရ​မီ​မ​သေ​ရ'' ဟု​သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​အား​ဖြင့်​ဗျာ​ဒိတ်​ကို​ခံ​ယူ​ရ​ရှိ သူ​လည်း​ဖြစ်​၏။-

27 သူ​သည်​ဝိညာဉ်​တော်​နှိုး​ဆော်​ခြင်း​ခံ​ရ​သ​ဖြင့် ဗိ​မာန်​တော်​ထဲ​သို့​ဝင်​လေ​သည်။ ပ​ညတ်​တ​ရား အ​ရ​ဆောင်​ရွက်​စ​ရာ​ဝတ်​ကို​ဆောင်​ရွက်​ရန် မိ​ဘ နှစ်​ပါး​တို့​သည်​သူ​ငယ်​တော်​အား​ဗိ​မာန်​တော် သို့​ခေါ်​ခဲ့​ကြ​သော​အ​ခါ၊-

28 ရှု​မောင်​သည်​သူ​ငယ်​တော်​ကို​ပွေ့​ချီ​၍​ဘု​ရား သ​ခင်​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​ကူး​လျက်၊

29 ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​၏​က​တိ​တော် ပြည့်​စုံ​ပြီး​ဖြစ်​၍၊ကိုယ်​တော်​ရှင့်​ကျွန်​သည်​ငြိမ်​သက်​စွာ စု​တေ​ခွင့်​ကို​ပေး​တော်​မူ​ပါ။