20 ထို့ကြောင့်အခွင့်ကောင်းကိုစောင့်နေကြ၏။ သူတို့ သည်ကိုယ်တော်၏စကားတွင်အမှားကိုရှာပြီး လျှင် ကိုယ်တော်အားဘုရင်ခံမင်း၏လက်သို့ အပ်နိုင်ရန်သူတော်ကောင်းဖြစ်ယောင်ဆောင်သော သူလျှိုများကိုအထံတော်သို့စေလွှတ်ကြ၏။-
21 သူလျှိုတို့က ``ဆရာတော်၊ အရှင်ဟောပြော သွန်သင်တော်မူသောအရာများမှန်ကန်ကြောင်း ကိုအကျွန်ုပ်တို့သိပါ၏။ အရှင်သည်မျက်နှာ ကြီးငယ်မလိုက်၊ ဘုရားသခင်၏တရားလမ်း ကိုသာဟုတ်မှန်သည်အတိုင်းသွန်သင်တော် မူပါ၏။-
22 အကျွန်ုပ်တို့သည်ကဲသာဘုရင်အားအခွန် ဆက်အပ်သလော၊ မဆက်အပ်သလော'' ဟု မေးလျှောက်ကြ၏။
23 ကိုယ်တော်သည်ထိုသူတို့၏ပရိယာယ်ကို သိမြင်တော်မူသဖြင့်။-
24 ``ဒင်္ဂါးတစ်ပြားကိုငါ့အားပြကြလော့။ ဤ ဒင်္ဂါးတွင်မည်သူ့ရုပ်ပုံ၊ မည်သူ့ကမ္ပည်းလိပ်စာ ပါရှိပါသနည်း'' ဟုမေးတော်မူ၏။သူတို့က ``ကဲသာဘုရင်၏ပုံ၊ ကဲသာဘုရင် ၏ကမ္ပည်းလိပ်စာပါရှိပါသည်'' ဟုပြန်၍ လျှောက်ကြ၏။
25 ကိုယ်တော်က ``ကဲသာဘုရင်ပိုင်သည့်အရာကို ကဲသာဘုရင်အားဆက်ကြလော့။ ဘုရားသခင် ပိုင်သည့်အရာကိုဘုရားသခင်အားဆက်ကြ လော့'' ဟုမိန့်တော်မူ၏။
26 သူတို့သည်လူတို့ရှေ့၌ကိုယ်တော်၏စကား တွင်အမှားရှာ၍မရသဖြင့် ကိုယ်တော်ဖြေ ကြားတော်မူပုံကိုအံ့သြလျက်ဆိတ်ဆိတ် နေကြ၏။