6 ယုဒသည်သဘောတူသဖြင့်ပရိသတ်မသိ အောင်ကိုယ်တော်အားသူတို့လက်သို့အပ်ရန် အခွင့်ကောင်းကိုရှာကြံလျက်နေ၏။
7 တဆေးမဲ့မုန့်ပွဲတော်တွင်ပသခါသိုးငယ်ကို သတ်၍ပူဇော်ရာနေ့ရက်ကျရောက်လာ၏။-
8 ကိုယ်တော်ကပေတရုနှင့်ယောဟန်တို့အား ``ငါ တို့စားရန်ပသခါပွဲညစာကိုသွား၍ပြင်ဆင် ကြလော့'' ဟုဆို၍စေလွှတ်တော်မူ၏။
9 သူတို့က ``အဘယ်အရပ်တွင်ပြင်ဆင်ရပါ မည်နည်း'' ဟုမေးလျှောက်ကြ၏။
10 ကိုယ်တော်က ``သင်တို့မြို့တွင်းသို့ဝင်မိလျှင်ရေ အိုးကိုထမ်းလာသူလူတစ်ယောက်သည်သင်တို့ အားကြိုဆိုလိမ့်မည်။ သူ့နောက်သို့လိုက်၍သူ ဝင်သောအိမ်ထဲသို့ဝင်ကြလော့။-
11 အိမ်ရှင်အား `တပည့်များနှင့်အတူပသခါပွဲ ညစာကိုငါစားရန်အခန်းကားအဘယ်နည်း' ဟုဆရာတော်ကစုံစမ်းခိုင်းကြောင်းပြောကြား ကြလော့။-
12 ထိုသူသည်အထက်ထပ်ရှိခင်းကျင်းထားသော အခန်းကြီးကိုပြလိမ့်မည်။ ထိုအခန်းတွင် ပြင်ဆင်မှုကိုပြုကြလော့'' ဟုမိန့်တော်မူ၏။-