60 သို့ရာတွင်ပေတရုက ``အချင်းလူ၊ သင်ပြော သောအကြောင်းအရာကိုငါမသိ'' ဟုဆို၏။ဤသို့ပေတရုပြောဆိုနေစဉ်ကြက်တွန်လေ၏။-
61 အရှင်ဘုရားသည်လှည့်၍ပေတရုကိုကြည့် တော်မူ၏။ ထိုအခါပေတရုသည် ``ယနေ့ည ကြက်မတွန်မီသင်သည် ငါ့ကိုမသိဟုသုံးကြိမ် မြောက်အောင်ငြင်းဆိုလိမ့်မည်'' ဟူသောသခင် ဘုရား၏စကားတော်ကိုပြန်၍သတိရ၏။-
62 သို့ဖြစ်၍အပြင်သို့ထွက်ပြီးလျှင်ဝမ်းနည်း ပက်လက်ငိုကြွေးလေ၏။
63 သခင်ယေရှုကိုစောင့်ကြပ်နေသူတို့က ကိုယ်တော်အားပြောင်လှောင်ရိုက်ပုတ်ကြ၏။-
64 မျက်နှာတော်ကိုဖုံးပြီးလျှင် ``အရှင့်အားမည် သူရိုက်ပုတ်သည်ကိုဟောတော်မူပါ'' ဟုဆို ကြ၏။-
65 အခြားစကားများဖြင့်လည်းကိုယ်တော်ကို စော်ကားကြ၏။
66 မိုးလင်းသောအခါယုဒအမျိုးသားခေါင်း ဆောင်များဖြစ်ကြသောယဇ်ပုရောဟိတ်ကြီး များနှင့် ကျမ်းတတ်ဆရာများသည်စုဝေး ကြ၏။ ထိုနောက်ကိုယ်တော်အားမိမိတို့၏ တရားလွှတ်တော်သို့ခေါ်ဆောင်သွားကြ၏။-