လုကာ 23:31-37 BCL

31 စိမ်း​စို​သော​အ​ပင်​ကို​ဤ​သို့​ပြု​ကြ​ပါ​မူ အ​ပင်​သည်​ခြောက်​သွေ့​သော​အ​ခါ​မည်​သို့ ဖြစ်​လိမ့်​မည်​နည်း'' ဟု​မိန့်​တော်​မူ​၏။

32 လူ​တို့​သည်​ရာ​ဇ​ဝတ်​သင့်​သူ​လူ​နှစ်​ယောက်​ကို လည်း​ကိုယ်​တော်​နှင့်​အ​တူ​သတ်​ရန်​ထုတ်​ဆောင် သွား​ကြ​၏။-

33 ``ဦး​ခေါင်း​ခွံ'' ဟု​နာ​မည်​တွင်​သော​အ​ရပ်​သို့​ရောက် သော​အ​ခါ​ကိုယ်​တော်​နှင့်​ရာ​ဇ​ဝတ်​သင့်​သူ​များ ကို​လက်​ဝါး​ကပ်​တိုင်​မှာ​တင်​၍​သတ်​ကြ​၏။ ရာ ဇ​ဝတ်​သင့်​သူ​တစ်​ယောက်​ကို​လက်​ယာ​တော်​ဘက် တွင်​လည်း​ကောင်း၊ အ​ခြား​တစ်​ယောက်​ကို​လက်​ဝဲ တော်​ဘက်​တွင်​လည်း​ကောင်း​ထား​၍​သတ်​ကြ​၏။-

34 သ​ခင်​ယေ​ရှု​က ``အို အ​ဖ၊ ထို​သူ​တို့​၏​အ​ပြစ် ကို​ဖြေ​လွှတ်​တော်​မူ​ပါ။ သူ​တို့​သည်​မိ​မိ​တို့​ပြု နေ​သည့်​အ​မှု​ကို​မ​သိ​ကြ​ပါ'' ဟု​မြွက်​ဆို တော်​မူ​၏။သူ​တို့​သည်​ကိုယ်​တော်​၏​အ​ဝတ်​တော်​များ​ကို မဲ​ချ​၍​ဝေ​ယူ​ကြ​၏။-

35 လူ​ပ​ရိ​သတ်​သည်​ရပ်​လျက်​ကြည့်​နေ​ကြ​၏။ ယု​ဒ​ခေါင်း​ဆောင်​များ​သည် ``ဤ​သူ​သည်​အ​ခြား သူ​များ​အား​ကယ်​တင်​၏။ အ​ကယ်​၍​ဘု​ရား​သ​ခင် ရွေး​ချယ်​တော်​မူ​သော​မေ​ရှိ​ယ​ဖြစ်​ပါ​မူ မိ​မိ​ကိုယ် ကို​ကယ်​တင်​ပါ​လေ​စေ'' ဟု​ဆို​၍​ပြောင်​လှောင် ကြ​၏။-

36 စစ်​သား​များ​သည်​လည်း​ကိုယ်​တော်​အား​ပုံး ရည်​ကို​တိုက်​လျက်၊-

37 ``သင်​သည်​ယု​ဒ​ရှင်​ဘု​ရင်​ဖြစ်​ပါ​မူ​သင့်​ကိုယ် ကို​ကယ်​တင်​ပါ​လော့'' ဟု​ဆို​၍​ပြောင်​လှောင် ကြ​၏။