32 လူတို့သည်ရာဇဝတ်သင့်သူလူနှစ်ယောက်ကို လည်းကိုယ်တော်နှင့်အတူသတ်ရန်ထုတ်ဆောင် သွားကြ၏။-
33 ``ဦးခေါင်းခွံ'' ဟုနာမည်တွင်သောအရပ်သို့ရောက် သောအခါကိုယ်တော်နှင့်ရာဇဝတ်သင့်သူများ ကိုလက်ဝါးကပ်တိုင်မှာတင်၍သတ်ကြ၏။ ရာ ဇဝတ်သင့်သူတစ်ယောက်ကိုလက်ယာတော်ဘက် တွင်လည်းကောင်း၊ အခြားတစ်ယောက်ကိုလက်ဝဲ တော်ဘက်တွင်လည်းကောင်းထား၍သတ်ကြ၏။-
34 သခင်ယေရှုက ``အို အဖ၊ ထိုသူတို့၏အပြစ် ကိုဖြေလွှတ်တော်မူပါ။ သူတို့သည်မိမိတို့ပြု နေသည့်အမှုကိုမသိကြပါ'' ဟုမြွက်ဆို တော်မူ၏။သူတို့သည်ကိုယ်တော်၏အဝတ်တော်များကို မဲချ၍ဝေယူကြ၏။-
35 လူပရိသတ်သည်ရပ်လျက်ကြည့်နေကြ၏။ ယုဒခေါင်းဆောင်များသည် ``ဤသူသည်အခြား သူများအားကယ်တင်၏။ အကယ်၍ဘုရားသခင် ရွေးချယ်တော်မူသောမေရှိယဖြစ်ပါမူ မိမိကိုယ် ကိုကယ်တင်ပါလေစေ'' ဟုဆို၍ပြောင်လှောင် ကြ၏။-
36 စစ်သားများသည်လည်းကိုယ်တော်အားပုံး ရည်ကိုတိုက်လျက်၊-
37 ``သင်သည်ယုဒရှင်ဘုရင်ဖြစ်ပါမူသင့်ကိုယ် ကိုကယ်တင်ပါလော့'' ဟုဆို၍ပြောင်လှောင် ကြ၏။
38 ကိုယ်တော်၏ဦးခေါင်းအထက်တွင် ``ဤသူကား ယုဒရှင်ဘုရင်ပေတည်း'' ဟုကမ္ပည်းရေးထိုး ထားကြ၏။