လုကာ 23:53-56 BCL

53 အ​လောင်း​တော်​ကို​လက်​ဝါး​ကပ်​တိုင်​မှ​ချ​ပြီး လျှင်​ပိတ်​ဖြင့်​ပတ်​၏။ ထို​နောက်​ကျောက်​ဆောင်​ကို ထွင်း​ထား​သည့်​တစ်​ခါ​မျှ​အ​သုံး​မ​ပြု​ရ​သေး သော​သင်္ချိုင်း​ဂူ​သစ်​တွင်​သင်္ဂြိုဟ်​၏။-

54 ထို​နေ့​ကား​သော​ကြာ​နေ့​ဖြစ်​၍​ဥ​ပုသ်​နေ့​သို့ ကူး​ရန်​အ​ချိန်​နီး​ပေ​ပြီ။-

55 ဂါ​လိ​လဲ​ပြည်​မှ​ကိုယ်​တော်​နှင့်​လိုက်​ခဲ့​ကြ​သော အ​မျိုး​သ​မီး​များ​လည်း​လိုက်​ပို့​၍​သင်္ချိုင်း​တော် ကို​လည်း​ကောင်း၊ အ​လောင်း​တော်​ကို​အ​ဘယ်​သို့ ထား​သည်​ကို​လည်း​ကောင်း​တွေ့​မြင်​ကြ​၏။-

56 ထို​နောက်​သူ​တို့​သည်​အိမ်​သို့​ပြန်​၍​ဆီ​မွှေး နှင့်​နံ့​သာ​ပေါင်း​ကို​အ​သင့်​ပြင်​ဆင်​ကြ​၏။သူ​တို့​သည်​ပ​ညတ်​တော်​ရှိ​သည်​အ​တိုင်း ဥ​ပုသ်​နေ့​၌​အ​နား​ယူ​ကြ​၏။