လုကာ 3:1-4 BCL

1 ဧ​က​ရာဇ်​မင်း​တိ​ဗေ​ရိ​နန်း​စံ​တစ်​ဆယ့်​ငါး​နှစ် မြောက်​သော​အ​ခါ ယု​ဒ​ပြည်​တွင်​ပုန္တိ​ပိ​လတ်​သည် ဘု​ရင်​ခံ​ဖြစ်​၏။ ဂါ​လိ​လဲ​ပြည်​တွင်​ဟေ​ရုဒ်၊ ဣ​တု​ရဲ ပြည်​နှင့်​တ​ရာ​ခေါ​နိတ်​ပြည်​တွင်​ဟေ​ရုဒ်​၏​ညီ ဖိ​လိပ္ပု၊ အ​ဘိ​လင်​ပြည်​တွင်​လု​သာ​နိ​တို့​သည် အ​သီး​သီး​ဘု​ရင်​ခံ​ဖြစ်​ကြ​၏။-

2 အန္န​နှင့်​က​ယာ​ဖ​တို့​သည်​ကား​ယဇ်​ပု​ရော​ဟိတ် မင်း​များ​ဖြစ်​ကြ​၏။ ထို​အ​ခါ​တော​ကန္တာ​ရ​၌​ရှိ သော​ဇာ​ခ​ရိ​၏​သား​ယော​ဟန်​သည် ဘု​ရား​သ​ခင် ၏​ဗျာ​ဒိတ်​တော်​ကို​ခံ​ရ​၏။-

3 သို့​ဖြစ်​၍​ယော​ဟန်​သည်​ယော်​ဒန်​မြစ်​ဝှမ်း​တ​လျှောက် သို့​သွား​ရောက်​၍ ``နောင်​တ​ရ​၍​ဗတ္တိ​ဇံ​ကို​ခံ​ယူ​ကြ လော့။ သို့​မှ​သာ​ဘု​ရား​သ​ခင်​သည်​သင်​တို့​၏​အ​ပြစ် များ​ကို​ဖြေ​လွှတ်​တော်​မူ​လိမ့်​မည်'' ဟု​လူ​တို့​အား ဟော​ပြော​၏။-

4 ပ​ရော​ဖက်​ဟေ​ရှာ​ယ​ကျမ်း​တွင်​ပါ​ရှိ​သည်​နှင့် အ​ညီ၊ တော​ကန္တာ​ရ​တွင်​လူ​တစ်​ယောက်​သည် ကြွေး ကြော်​လျက်​နေ​သည်​မှာ၊`ကိုယ်​တော်​ရှင်​ကြွ​တော်​မူ​ရာ​လမ်း​ကို အ​သင့်​ပြင်​ဆင်​ကြ​လော့။ကိုယ်​တော်​၏​လမ်း​ကို​ဖြောင့်​တန်း​အောင်​ပြု​ကြ​လော့။