9 သစ်ပင်ရင်းတွင်ပုဆိန်ကိုချထားလျက်ရှိသဖြင့် အသီးကောင်းကိုမသီးသောအပင်ဟူသမျှသည် ခုတ်လှဲ၍ မီးထဲသို့ပစ်ချခြင်းခံရလတ္တံ့'' ဟုလူ အပေါင်းတို့အားဆို၏။
10 လူပရိသတ်အပေါင်းတို့က ``ထိုသို့ဖြစ်ပါမူ အကျွန်ုပ်တို့သည်အဘယ်သို့ပြုရပါမည်နည်း'' ဟု မေးလျှောက်၏။
11 ထိုအခါယောဟန်က ``အင်္ကျီနှစ်ထည်ရှိသူသည် အင်္ကျီမရှိသူအားတစ်ထည်ဝေမျှစေ။ စားသောက် စရာရှိသူသည်လည်းထိုနည်းတူဝေမျှစေ'' ဟု ပြန်ပြော၏။
12 အခွန်ခံသူတို့သည်ဗတ္တိဇံကိုခံယူရန်ရောက်လာ ကြ၏။ သူတို့က ``အရှင်၊ အကျွန်ုပ်တို့သည်အဘယ် သို့ပြုရပါမည်နည်း'' ဟုမေးလျှောက်ကြ၏။
13 ယောဟန်က ``သင်တို့သည်တရားဥပဒေရှိ သည်ထက်ပို၍ အခွန်အကောက်မခွဲမခံကြ နှင့်'' ဟုပြန်ပြော၏။
14 စစ်သားများကလည်း ``အကျွန်ုပ်တို့သည်အဘယ် သို့ပြုရပါမည်နည်း'' ဟုမေးလျှောက်ကြ၏။ယောဟန်က ``သင်တို့သည်အဘယ်သူကိုမျှ မတရားမစွပ်မစွဲကြနှင့်။ အဘယ်သူ့ထံမှ ငွေကိုအဋ္ဌမ္မမတောင်းကြနှင့်။ သင်တို့ရသော လစာဖြင့်ရောင့်ရဲကြလော့'' ဟုပြန်ပြော၏။
15 လူတို့သည်မေရှိယကြွလာတော့မည်ဟုယုံ ကြည်လျက်စောင့်မျှော်နေချိန်ဖြစ်ရာ ``ယောဟန် သည်မေရှိယပင်ဖြစ်လေသလော'' ဟုတွေးတော နေကြ၏။-