လုကာ 5:18-24 BCL

18 ထို​အ​ခါ​လူ​တို့​သည်​လေ​ဖြတ်​သူ​တစ်​ယောက် ကို​ထမ်း​စင်​နှင့်​တင်​၍​ဆောင်​ခဲ့​ကြ​၏။ ထို​သူ​နာ ကို​အိမ်​ထဲ​သို့​သယ်​ဆောင်​ကာ​သ​ခင်​ယေ​ရှု​၏ ရှေ့​တော်​တွင်​ချ​ထား​ရန်​ကြိုး​စား​ကြ​၏။-

19 သို့​ရာ​တွင်​လူ​ပ​ရိ​သတ်​တိုး​မ​ပေါက်​သ​ဖြင့် အိမ်​အ​မိုး​ပေါ်​သို့​တက်​ပြီး​လျှင်​အုတ်​ကြွပ် များ​ကို​ဖောက်​၍ သူ​နာ​ကို​ထမ်း​စင်​နှင့်​တ​ကွ လူ​တို့​အ​လယ်​သ​ခင်​ယေ​ရှု​၏​ရှေ့​တော်​သို့ လျော​ချ​ကြ​၏။-

20 ကိုယ်​တော်​သည်​ထို​သူ​တို့​၌​ယုံ​ကြည်​ခြင်း​ရှိ​ပုံ ကို​မြင်​တော်​မူ​လျှင်​လေ​ဖြတ်​သူ​အား ``အ​ချင်း လူ၊ သင်​၏​အ​ပြစ်​ကို​ဖြေ​လွှတ်​ပြီ'' ဟု​မိန့်​တော် မူ​၏။

21 ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​ဖာ​ရိ​ရှဲ​များ​က ``ဤ သူ​ကား​အ​ဘယ်​သူ​နည်း။ သူ​သည်​ဘု​ရား​သ​ခင် အား​ပြစ်​မှား​ပြော​ဆို​ပါ​သည်​တ​ကား။ ဘု​ရား သ​ခင်​မှ​တစ်​ပါး​အ​ဘယ်​သူ​သည်​အ​ပြစ်​ကို ဖြေ​လွှတ်​နိုင်​ပါ​မည်​နည်း'' ဟု​တွေး​တော​ကြ​၏။

22 သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​ယင်း​သို့​တွေး​တော နေ​ကြ​သည်​ကို​သိ​တော်​မူ​သ​ဖြင့် ``သင်​တို့​သည် အ​ဘယ်​ကြောင့်​တွေး​တော​နေ​ကြ​သ​နည်း။-

23 `သင်​၏​အ​ပြစ်​ကို​ဖြေ​လွှတ်​ပြီ' ဟု​ပြော​ရန်​ပို​၍ လွယ်​ကူ​သ​လော။ သို့​တည်း​မ​ဟုတ်`နေ​ရာ​မှ​ထ ၍​လှမ်း​သွား​လော့' ဟု​ပြော​ရန်​ပို​၍​လွယ်​ကူ သ​လော။-

24 သို့​ရာ​တွင်​လူ​သား​သည်​လော​က​တွင်​အ​ပြစ် ဖြေ​လွှတ်​ပိုင်​သည်​ကို​သင်​တို့​အား​သိ​စေ​အံ့'' ဟု​ဆို​လျက်​လေ​ဖြတ်​သူ​အား ``သင့်​အား​ငါ ဆို​သည်​ကား​ထ​လော့။ သင့်​ထမ်း​စင်​ကို​ထမ်း ၍​အိမ်​ပြန်​လော့'' ဟု​မိန့်​တော်​မူ​၏။