21 ``ယခုအခါဆာငတ်နေသူတို့၊သင်တို့သည် မင်္ဂလာရှိကြ၏။သင်တို့ဝပြောရမည့်အချိန်ရောက်လိမ့်မည်။``ငိုကြွေးနေကြသူတို့၊သင်တို့သည်မင်္ဂလာရှိကြ၏။ သင်တို့ရယ်မောရမည့်အချိန်ရောက်လိမ့်မည်။
22 ``လူသားကြောင့်သင်တို့ကိုလူများမုန်းကြသော အခါ၌လည်းကောင်း၊ ပစ်ပယ်ကြသောအခါ၌ လည်းကောင်း၊ သင်တို့၏ဂုဏ်အသရေကိုရှုတ်ချ ကြသောအခါ၌လည်းကောင်းသင်တို့သည်မင်္ဂလာ ရှိကြ၏။-
23 ထိုသို့တွေ့ကြုံခံစားရသောအခါဝမ်းမြောက် ကြလော့။ ရွှင်မြူးသဖြင့်ကခုန်ကြလော့။ ကောင်း ကင်ဘုံတွင်သင်တို့ရမည့်အကျိုးကားကြီး လှ၏။ ဤသို့သင်တို့အားပြုကျင့်သူများ ၏ဘိုးဘေးများသည်ရှေးပရောဖက်တို့ကို ဤနည်းအတိုင်းပင်နှိပ်စက်ခဲ့ကြ၏။
24 ``သို့သော်ကြွယ်ဝချမ်းသာသူတို့၊သင်တို့သည် အမင်္ဂလာရှိကြ၏။သင်တို့သည်ယခုဘဝ၌သက်သာစွာနေထိုင် ရကြ၏။
25 ``ယခုအခါဝစွာစားသောက်ရသူတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။သင်တို့ဆာငတ်ရမည့်အချိန်ရောက်လိမ့်မည်။ယခုအခါရယ်မောကြသူတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။သင်တို့ပူဆွေးငိုယိုရမည့်အချိန်ရောက်လိမ့်မည်။
26 ``လူအပေါင်းတို့သည်သင်တို့ကိုချီးမွမ်း ကြသောအခါသင်တို့သည်အမင်္ဂလာ ရှိကြ၏။ ဤသူတို့၏ဘိုးဘေးများသည် မိစ္ဆာပရောဖက်များကိုဤနည်းအတိုင်း ချီးမွမ်းခဲ့ကြလေပြီ။
27 ``သို့ရာတွင်ငါ၏တရားကိုကြားနာကြသူတို့၊ သင်တို့အားငါဆိုသည်ကားရန်သူကိုချစ်ကြ လော့။ သင်တို့ကိုမုန်းသူအားကျေးဇူးပြုကြ လော့။-