လုကာ 8:18-24 BCL

18 ``သို့​ဖြစ်​၍​သင်​တို့​မည်​သို့​မည်​ပုံ​ကြား​နာ​သည် ကို​သ​တိ​ပြု​ကြ​လော့။ ရှိ​သူ​အား​ထပ်​၍​ပေး လိမ့်​မည်။ မ​ရှိ​သူ​ထံ​မှ​ရှိ​သည်​ဟု​ထင်​ရ​သော အ​ရာ​ရှိ​သ​မျှ​ကို​ပင်​သိမ်း​ယူ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

19 ကိုယ်​တော်​၏​မယ်​တော်​နှင့်​ညီ​တော်​များ​သည် အ​ထံ​တော်​သို့​လာ​ကြ​၏။ သို့​ရာ​တွင်​လူ​ပ​ရိ သတ်​တိုး​မ​ပေါက်​သ​ဖြင့်​ကိုယ်​တော်​အား​တွေ့ ခွင့်​မ​ရ​နိုင်​ကြ။-

20 လူ​တို့​က ``မယ်​တော်​နှင့်​ညီ​တော်​များ​သည်​အ​ရှင့် ကို​တွေ့​လို​သ​ဖြင့်​အ​ပြင်​တွင်​စောင့်​နေ​ကြ​ပါ သည်'' ဟု​လျှောက်​ကြ​၏။

21 ထို​အ​ခါ​ကိုယ်​တော်​က ``ဘု​ရား​သ​ခင်​၏​နှုတ် က​ပတ်​တော်​ကို​ကြား​၍​လိုက်​လျှောက်​သူ​တို့​ကား ငါ​၏​အ​မိ၊ ငါ​၏​ညီ​များ​ပေ​တည်း'' ဟု​မိန့်​တော် မူ​၏။

22 တစ်​နေ့​သ​၌​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် လှေ​ပေါ်​ကို​တက်​ကြ​၏။ ထို​နောက်​ကိုယ်​တော်​က ``အိုင် တစ်​ဖက်​ကို​ကူး​ကြ​ကုန်​အံ့'' ဟု​မိန့်​တော်​မူ​သ​ဖြင့် တ​ပည့်​တော်​တို့​သည်​ရွက်​လွှင့်​ကြ​၏။-

23 သို့​ရွက်​လွှင့်​ကြ​စဉ်​ကိုယ်​တော်​သည်​အိပ်​စက်​လျက် နေ​တော်​မူ​၏။ ထို​အ​ချိန်​၌​အိုင်​တွင်​လေ​မုန်​တိုင်း ကျ​သ​ဖြင့်​လှေ​သည်​ရေ​နှင့်​ပြည့်​လု​မ​တတ်​ရှိ လေ​၏။ တ​ပည့်​တော်​တို့​သည်​ရေ​နစ်​မည့်​ဘေး​နှင့် တွေ့​ကြုံ​ရ​ကြ​၏။-

24 သူ​တို့​သည်​ကိုယ်​တော်​ကို​နှိုး​ပြီး​လျှင် ``အ​ရှင်၊ အ​ရှင်၊ အ​ကျွန်ုပ်​တို့​သေ​ကြ​ပါ​တော့​မည်'' ဟု ဆို​ကြ​၏။ကိုယ်​တော်​သည်​အိပ်​စက်​ရာ​က​ထ​တော်​မူ​၍ လေ​နှင့်​လှိုင်း​များ​ကို​ဟန့်​တား​တော်​မူ​သ​ဖြင့် လေ​နှင့်​လှိုင်း​များ​သည်​ငြိမ်​သက်​သွား​လေ​၏။-