ကမ္ဘာ​ဦး 1:23-29 BCL

23 ည​ဦး​မှ​နံ​နက်​အ​ထိ​ပဉ္စမ​နေ့​ရက်​ဖြစ်​လေ​၏။

24 တစ်​ဖန်​ဘု​ရား​သ​ခင်​က``ကမ္ဘာ​မြေ​ကြီး​ပေါ် တွင် တိ​ရစ္ဆာန်​အ​ယဉ်​နှင့်​တိ​ရစ္ဆာန်​အ​ရိုင်း​အ​ကြီး အ​ငယ်​အ​မျိုး​မျိုး​ဖြစ်​ပွား​ကြ​စေ'' ဟု​အ​မိန့် ပေး​သည့်​အ​တိုင်း​ဖြစ်​ပွား​လာ​ကြ​၏။-

25 ဘု​ရား​သ​ခင်​သည်​တိရစ္ဆာန်​အ​မျိုး​မျိုး​တို့​ကို ထို​ကဲ့​သို့​ဖန်​ဆင်း​တော်​မူ​၏။ ဘု​ရား​သ​ခင် သည် ထို​အ​မှု​အ​ရာ​ကို​ရှု​မြင်​၍​နှစ်​သက် တော်​မူ​၏။

26 ထို​နောက်​ဘု​ရား​သ​ခင်​က``ငါ​တို့​သည် ငါ​တို့ ၏​ပုံ​သဏ္ဌာန်​နှင့်​တူ​သော​လူ​သတ္တ​ဝါ​တို့​ကို ဖန်​ဆင်း​ကြ​ကုန်​အံ့။ သူ​တို့​အား​ရေ​သတ္တ​ဝါ၊ ငှက်​သတ္တ​ဝါ​နှင့်​တိရစ္ဆာန်​အ​ယဉ်​အ​ရိုင်း​အ​ကြီး အ​ငယ်​တို့​ကို​အ​စိုး​ရ​စေ​မည်'' ဟု​မိန့်​တော် မူ​၏။-

27 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည် မိ​မိ​နှင့်​ပုံ သဏ္ဌာန်​တူ​သော​လူ​ယောကျာ်း၊ လူ​မိန်း​မ ကို​ဖန်​ဆင်း​တော်​မူ​၍၊-

28 သူ​တို့​ကို​ကောင်း​ချီး​ပေး​လျက်``သား​သ​မီး များ​စွာ​မွေး​ဖွား​ကြ​လော့။ ကမ္ဘာ​မြေ​ကြီး အ​ရပ်​ရပ်​တို့​တွင် သင်​တို့​၏​အ​မျိုး​စဉ်​အ​မျိုး ဆက်​နေ​ထိုင်​ကြ​လော့။ ကမ္ဘာ​မြေ​ကြီး​ကို​လည်း စိုး​ပိုင်​ကြ​လော့။ ရေ​သတ္တ​ဝါ၊ ငှက်​သတ္တ​ဝါ​နှင့် တိ​ရစ္ဆာန်​ရိုင်း​အ​မျိုး​မျိုး​တို့​ကို​အုပ်​စိုး​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။-

29 ဘု​ရား​သ​ခင်​က​လည်း``ကောက်​ပဲ​သီး​နှံ​အ​မျိုး မျိုး၊ သစ်​သီး​အ​မျိုး​မျိုး​တို့​ကို​သင်​တို့​စား​သုံး ရန်​ငါ​ပေး​၏။-