ကမ္ဘာ​ဦး 11:24-30 BCL

24 နာ​ခေါ်​သည်​အ​သက်​နှစ်​ဆယ့်​ကိုး​နှစ်​ရှိ​သော အ​ခါ တေ​ရ​အမည်​ရှိ​သား​ကို​ရ​၏။-

25 ထို​နောက်​သူ​သည်​တစ်​ရာ​တစ်​ဆယ့်​ကိုး​နှစ်​ဆက် ၍​အ​သက်​ရှင်​စဉ်​သား​သ​မီး​များ​ရ​သေး​၏။

26 တေ​ရ​သည်​လည်း​အ​သက်​ခု​နစ်​ဆယ်​ရှိ​သော် အာ​ဗြံ၊ နာ​ခေါ်​နှင့်​ခါ​ရန်​အ​မည်​ရှိ​သား​တို့​ကို​ရ​လေ​၏။

27 တေ​ရ​၏​သား​စဉ်​မြေး​ဆက်​တို့​ကို​ဖော်​ပြ​ပေ​အံ့။ တေ​ရ​သည် အာ​ဗြံ၊ နာ​ခေါ်​နှင့်​ခါ​ရန်​တို့​၏​ဖ​ခင် ဖြစ်​၏။ ခါ​ရန်​သည်​လော​တ​၏​ဖ​ခင်​ဖြစ်​၏။-

28 ခါ​ရန်​သည်​မိ​မိ​၏​ဖခင်​အ​သက်​ရှင်​လျက်​ရှိ​စဉ် ပင်​လျှင် မိ​မိ​၏​နေ​ရပ်​ဖြစ်​သော​ဗာ​ဗု​လုန်​ပြည်၊ ဥ​ရ​မြို့​တွင်​ကွယ်​လွန်​လေ​သည်။-

29 အာ​ဗြံ​သည်​စာ​ရဲ​နှင့်​ထိမ်း​မြား​၍​နာ​ခေါ်​သည် ခါ​ရန်​၏​သ​မီး​မိ​လ​ခါ​နှင့်​ထိမ်း​မြား​၏။-

30 ခါ​ရန်​သည်​မိ​လ​ခါ​နှင့်​ဣ​သ​ခ​တို့​၏​ဖ​ခင် ဖြစ်​သည်။ စာ​ရဲ​တွင်​သား​သ​မီး​မ​ထွန်း​ကား ချေ။