ကမ္ဘာ​ဦး 12:11-17 BCL

11 သူ​သည်​အီ​ဂျစ်​ပြည်​ထဲ​သို့​ဝင်​ရန်​နယ်​စပ် ကို​ဖြတ်​ကျော်​ခါ​နီး​တွင် သူ​၏​မ​ယား​စာ​ရဲ အား``သင်​သည်​ရုပ်​ရည်​လှ​သော​အ​မျိုး​သ​မီး ဖြစ်​၏။-

12 အီ​ဂျစ်​ပြည်​သား​တို့​မြင်​လျှင်`သူ​သည်​အာ​ဗြံ ၏​မ​ယား​ဖြစ်​၏' ဟု​ဆို​၍​ငါ့​ကို​သတ်​ပြီး နောက် သင့်​ကို​အ​သက်​ချမ်း​သာ​ပေး​ကြ​လိမ့်​မည်။-

13 ထို့​ကြောင့်​သူ​တို့​က​မေး​လျှင်​သင်​သည်​ငါ​၏ နှ​မ​ဖြစ်​သည်​ဟု​ပြော​ပါ။ ထို​အ​ခါ​သင့်​အ​တွက် ကြောင့် ငါ့​ကို​အ​သက်​ချမ်း​သာ​ပေး​၍​ကောင်း​စွာ ပြု​စု​ဆက်​ဆံ​ကြ​လိမ့်​မည်'' ဟူ​၍​မှာ​ကြား​ထား လေ​၏။-

14 သူ​သည်​နယ်​စပ်​ကို​ဖြတ်​၍ အီ​ဂျစ်​ပြည်​ထဲ သို့​ဝင်​လာ​သော​အ​ခါ ထို​ပြည်​သား​တို့​က သူ​၏​မ​ယား​သည် ရုပ်​ရည်​လှ​သော​အ​မျိုး သ​မီး​ဖြစ်​ကြောင်း​တွေ့​မြင်​ကြ​၏။-

15 နန်း​တော်​မှ​မှူး​မတ်​အ​ချို့​တို့​က​လည်း​စာ​ရဲ ၏​ရုပ်​ရည်​အ​လှ​ကို​မြင်​ရ​၍ ဖာ​ရော​ဘု​ရင် ထံ​သို့​သံ​တော်​ဦး​တင်​ကြ​သ​ဖြင့် သူ​မ​သည် နန်း​တော်​သို့​ခေါ်​ဆောင်​ခြင်း​ကို​ခံ​ရ​လေ​၏။-

16 သူ့​အ​တွက်​ကြောင့်​ဘု​ရင်​သည်​အာ​ဗြံ​အား ကောင်း​စွာ​ပြု​စု​၍​သိုး၊ နွား၊ ဆိတ်၊ မြည်း၊ ကျေး ကျွန်​နှင့်​ကု​လား​အုတ်​များ​ကို​ဆု​ချ​ပေး သ​နား​တော်​မူ​၏။

17 သို့​သော်​လည်း​ဘု​ရင်​က စာ​ရဲ​ကို​သိမ်း​ပိုက် မိ​ခြင်း​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရင်​နှင့် တ​ကွ နန်း​တွင်း​သား​တို့​အား​ကြောက်​မက်​ဖွယ် သော​ရော​ဂါ​ဆိုး​ဒဏ်​ကို​ခံ​စေ​တော်​မူ​၏။-