ကမ္ဘာ​ဦး 13:1-4 BCL

1 အာ​ဗြံ​ဇ​နီး​မောင်​နှံ​တို့​သည်​ပိုင်​သ​မျှ​ပစ္စည်း​တို့​ကို​ယူ​၍ အီ​ဂျစ်​ပြည်​မြောက်​ပိုင်း​မှ​ခါ​နာန်​ပြည်​တောင်​ပိုင်း​သို့​ထွက်​ခွာ​ခဲ့​သည်။ လော​တ​လည်း​လိုက်​ပါ​လာ​ခဲ့​လေ​သည်။-

2 အာ​ဗြံ​သည် သိုး၊ နွား၊ ဆိတ်၊ ရွှေ၊ ငွေ​စ​သည်​တို့​ကို​ပိုင်​သ​ဖြင့်​အ​လွန်​ကြွယ်​ဝ​ချမ်း​သာ​သူ​ဖြစ်​၏။-

3 တစ်​ဖန်​ထို​အ​ရပ်​မှ​ထွက်​ခွာ​၍​ခ​ရီး​အ​ဆင့်​ဆင့်​ဆက်​သွား​ပြီး​နောက် ဗေ​သ​လ​မြို့​သို့​ရှေ့​ရှု​လာ​ခဲ့​လေ​သည်။ သူ​သည်​ဗေ​သ​လ​မြို့​နှင့်​အာ​ဣ​မြို့​စပ်​ကြား​အ​ရပ်​သို့​ရောက်​ရှိ​လာ​၏။-

4 ထို​အ​ရပ်​တွင်​ယ​ခင်​က​စ​ခန်း​ချ​၍​ယဇ်​ပလ္လင်​တည်​ခဲ့​ဖူး​၏။ ထို​အ​ရပ်​၌​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ်​လေ​သည်။