1 ဘုရင်လေးပါးဖြစ်ကြသောဗာဗုလုန်ဘုရင် အံရဖေလ၊ ဧလာသာဘုရင်အာရုတ်၊ ဧလံ ဘုရင်ခေဒေါရလောမာနှင့်ဂေါအိမ်ဘုရင် တိဒလတို့သည်၊-
2 ဘုရင်ငါးပါးဖြစ်ကြသောသောဒုံဘုရင်ဗေရ၊ ဂေါမာဘုရင်ဗိရရှ၊ အာဋ္ဌမာဘုရင်ရှိနပ်၊ ဇေဘိုင်ဘုရင်ရှေမဘာနှင့်ဗေလာ(သို့မဟုတ် ဇောရ) ဘုရင်တို့အားစစ်ချီတိုက်ခိုက်ကြ လေ၏။-
3 ဤဘုရင်ငါးပါးတို့သည်မဟာမိတ်ဖွဲ့၍ ယခုအခါပင်လယ်သေဟုခေါ်သော စိဒ္ဒိမ် ချိုင့်ဝှမ်းတွင်စစ်စခန်းချလျက်ရှိကြ၏။-
4 ထိုဘုရင်တို့သည်ခေဒေါရလောမာဘုရင် လက်အောက်တွင် တစ်ဆယ့်နှစ်နှစ်မျှအအုပ် အချုပ်ခံနေရပြီး တစ်ဆယ့်သုံးနှစ်ကြာ သောအခါ ထိုမင်းအားပုန်ကန်ကြလေသည်။-
5 တစ်ဆယ့်လေးနှစ်သို့ရောက်လျှင်ခေဒေါရလောမာ ဘုရင်သည် မဟာမိတ်တပ်ဖွဲ့တို့နှင့်အတူစစ်ချီ လာ၍ အာရှတရုတ်ကာနိမ်မြို့တွင်ရေဖိမ်အမျိုး သားများကိုလည်းကောင်း၊ ဟာမမြို့တွင်ဇူဇိမ် အမျိုးသားများကိုလည်းကောင်း၊ ကိရယသိမ် လွင်ပြင်တွင်ဧမိမ်အမျိုးသားများကိုလည်း ကောင်း၊-
6 ဧဒုံစိရတောင်များပေါ်တွင်ဟောရိအမျိုး သားများကိုလည်းကောင်း တိုက်ခိုက်အောင်မြင်၍ တောကန္တာရအစပ်ရှိဧလပါရန်မြို့အထိ လိုက်လံတိုက်ခိုက်လေသည်။-