ကမ္ဘာ​ဦး 14:16-22-24 BCL

16 သိမ်း​ယူ​သွား​သော​ပစ္စည်း​အား​လုံး​ကို​ပြန်​လည် ရ​ရှိ​လေ​သည်။ တူ​လော​တ​နှင့်​သူ​၏​ပစ္စည်း​များ ကို​လည်း​ကောင်း၊ အ​မျိုး​သ​မီး​များ​နှင့်​အ​ခြား အ​ဖမ်း​ခံ​ရ​သူ​များ​ကို​လည်း​ကောင်း ပြန်​လည် ခေါ်​ဆောင်​ခဲ့​လေ​သည်။

17 အာ​ဗြံ​သည်​ခေ​ဒေါ​ရ​လော​မာ​ဘု​ရင်​နှင့် အ​ခြား အ​ပေါင်း​ပါ​ဘု​ရင်​တို့​ကို​တိုက်​ခိုက်​အောင်​မြင်​၍ ပြန်​လာ​သော​အ​ခါ သော​ဒုံ​ဘု​ရင်​သည်​ခ​ရီး​ဦး ကြို​ဆို​ရန်​ရှာ​ဝေ​ချိုင့်​ဝှမ်း(ဘု​ရင့်​ချိုင့်​ဝှမ်း​ဟု လည်း​ခေါ်​တွင်​၏) သို့​သွား​ရောက်​လေ​၏။-

18 အ​မြင့်​ဆုံး​သော​ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပု​ရော ဟိတ်​ဖြစ်​၍ ရှာ​လင်​ဘု​ရင်​လည်း​ဖြစ်​သော​မေ​လ​ခိ ဇေ​ဒက်​သည် အာ​ဗြံ​ထံ​သို့​မုန့်​နှင့်​စ​ပျစ်​ရည်​ကို ယူ​ခဲ့​ပြီး​လျှင်၊-

19 သူ့​အား​ကောင်း​ချီး​ပေး​လျက်``ကောင်း​ကင်​နှင့်​မြေ ကြီး​ကို​ဖန်​ဆင်း​တော်​မူ​သော​အ​မြင့်​ဆုံး​သော ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ဗြံ​အား​ကောင်း​ချီး ပေး​တော်​မူ​ပါ​စေ​သော။-

20 သင်​၏​ရန်​သူ​များ​ကို​အောင်​စေ​သည့်​အ​မြင့်​ဆုံး သော​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​စေ​သ​တည်း'' ဟု​မြွက်​ဆို​လေ​၏။ အာ​ဗြံ​က​လည်း​မိ​မိ​သိမ်း​ယူ​ခဲ့​သော​ပစ္စည်း အား​လုံး​မှ​ဆယ်​ပုံ​တစ်​ပုံ​ကို ယဇ်​ပု​ရော​ဟိတ် မင်း​အား​ပေး​လှူ​လိုက်​လေ​၏။

21 သော​ဒုံ​ဘု​ရင်​က``ကိုယ်​တော်​သိမ်း​ယူ​ခဲ့​သ​မျှ သော​ပစ္စည်း​များ​ကို​အ​ပိုင်​ယူ​ပါ။ ကျွန်ုပ်​၏​လူ တို့​ကို​သာ​ပြန်​ပေး​ပါ'' ဟု​အာ​ဗြံ​အား​ဆို​၏။

22-24 ထို​အ​ခါ​အာ​ဗြံ​က``သင်​၏​ဥစ္စာ​ဟူ​၍​အပ်​ချည် တစ်​မျှင်၊ ခြေ​နင်း​ကြိုး​တစ်​စ​ကို​မျှ​ငါ​မ​ယူ​လို။ သို့​မှ​သာ​လျှင်​အာ​ဗြံ​အား​ကြွယ်​ဝ​ချမ်း​သာ​စေ သော​သူ​ကား ငါ​ပင်​ဖြစ်​၏​ဟု​သင်​မ​ဆို​နိုင်။ ငါ့ အ​တွက်​မည်​သည့်​ပစ္စည်း​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ယူ။ ငါ​၏​လူ​များ​သုံး​စွဲ​ပြီး​သ​မျှ​တို့​ကို သာ ငါ​ယူ​သည်​ဟု​ထင်​မှတ်​ပါ​လော့။ သို့​ရာ​တွင် ငါ​၏​မ​ဟာ​မိတ်​များ​ဖြစ်​ကြ​သော​အာ​နေ​ရ၊ ဧ​ရှ​ကော​လ​နှင့်​မံ​ရေ​တို့​ကို​မူ​ကား​သူ​တို့ ၏​ဝေ​စု​ကို​ခွဲ​ယူ​ကြ​ပါ​စေ။ ကောင်း​ကင်​နှင့် မြေ​ကြီး​ကို​ဖန်​ဆင်း​တော်​မူ​သော အ​မြင့်​ဆုံး သော​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​ကို​တိုင် တည်​၍ ငါ​မြွက်​ဆို​ပါ​သည်'' ဟု​ဖြေ​ကြား လေ​၏။