ကမ္ဘာ​ဦး 15:1-4 BCL

1 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ အား​ဖြင့်​အာ​ဗြံ​အား``အာ​ဗြံ၊ မ​ကြောက်​နှင့်။ ငါ သည်​သင့်​အား​အန္တ​ရာယ်​မှ​ကာ​ကွယ်​၍ ကြီး​မြတ် သော​ဆု​ကို​ချ​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။

2 သို့​ရာ​တွင်​အာ​ဗြံ​က``အ​ရှင်​ထာ​ဝ​ရ​ဘု​ရား အ​ကျွန်ုပ်​တွင်​သား​မ​ထွန်း​ကား​သ​ဖြင့် ကိုယ် တော်​၏​ဆု​ကို​အ​ဘယ်​သို့​ခံ​စား​ရ​ပါ​မည်​နည်း။ ဒ​မာ​သက်​မြို့​သား​ဧ​လျာ​ဇာ​သည်​သာ​လျှင် အ​ကျွန်ုပ်​၏​အ​မွေ​ခံ​ဖြစ်​ပါ​၏။-

3 ကိုယ်​တော်​သည်​အ​ကျွန်ုပ်​အား​သား​မ​ထွန်း​ကား စေ​သ​ဖြင့် ကျွန်​တစ်​ဦး​က​အ​ကျွန်ုပ်​၏​အ​မွေ ကို​ခံ​ယူ​ရ​ပါ​မည်'' ဟု​လျှောက်​ဆို​လေ​၏။

4 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``ဤ​ကျွန်​သည် သင်​၏​အ​မွေ​ခံ​မ​ဖြစ်​ရ။ သင်​၏​သား​အ​ရင်း သည်​သင်​၏​အ​မွေ​ခံ​ဖြစ်​မည်'' ဟု​မိန့်​တော် မူ​ပြီး​လျှင်၊-