ကမ္ဘာ​ဦး 17:1-6 BCL

1 အာ​ဗြံ​အ​သက်​ကိုး​ဆယ့်​ကိုး​နှစ်​ရှိ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ဗြံ​အား​ကိုယ်​ထင်​ပြ ၍``ငါ​သည်​အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ဖြစ် ၏။ ငါ့​စ​ကား​ကို​နား​ထောင်​၍​မှန်​ရာ​ကို​အ​စဉ် ပြု​လုပ်​လော့။-

2 သင်​နှင့်​ပ​ဋိ​ညာဉ်​ပြု​၍ သင်​၏​အ​မျိုး​အ​နွယ် ကို​များ​ပြား​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။-

3 အာ​ဗြံ​သည်​မျက်​နှာ​ကို​မြေ​ကြီး​နှင့်​ထိ​အောင် ပျပ်​ဝပ်​၍ နေ​စဉ်​ဘု​ရား​သ​ခင်​က၊-

4 ``သင်​နှင့်​ငါ​ပြု​မည့်​ပ​ဋိ​ညာဉ်​မှာ​ဤ​သို့​ဖြစ် ၏။ သင့်​အား​လူ​များ​စွာ​တို့​၏​ဖ​ခင်​ဖြစ်​စေ​မည်။-

5 ငါ​သည်​သင့်​အား​လူ​မျိုး​များ​စွာ​တို့​၏​ဖ​ခင် ဖြစ်​စေ​မည်​ဖြစ်​သော​ကြောင့် သင်​၏​နာ​မည်​ကို အာ​ဗြံ​ဟု​မ​ခေါ်​တော့​ဘဲ​အာ​ဗြ​ဟံ​ဟု​ခေါ် ရ​မည်။-

6 ငါ​သည်​သင်​၏​အ​မျိုး​အ​နွယ်​ကို​များ​ပြား​စေ မည်။ သင်​၏​အ​မျိုး​အ​နွယ်​ထဲ​မှ​မင်း​များ​ပေါ် ထွန်း​စေ​မည်။ သင်​၏​အ​ဆက်​အ​နွယ်​တို့​သည် အ​လွန်​များ​ပြား​ကြ​သ​ဖြင့်​လူ​အ​မျိုး​မျိုး ဖြစ်​ပွား​လာ​မည်။