ကမ္ဘာ​ဦး 17:7-14 BCL

7 သင်​နှင့်​သင်​၏​အ​မျိုး​အ​နွယ်​အ​စဉ်​အ​ဆက်​တို့ အား ငါ​ထား​သော​က​တိ​တော်​ကို​ထာ​ဝ​ရ​တည် မြဲ​သော​ပ​ဋိ​ညာဉ်​ဖြစ်​စေ​မည်။ ငါ​သည်​သင်​၏ ဘု​ရား၊ သင်​၏​အ​ဆက်​အ​နွယ်​တို့​၏​ဘု​ရား ဖြစ်​မည်။-

8 ယ​ခု​သင်​သူ​စိမ်း​တစ်​ရံ​ဆံ​အ​ဖြစ်​နှင့်​နေ​ထိုင် ရ​သော ဤ​ပြည်​ကို​သင်​နှင့်​သင်​၏​အ​ဆက်​အ​နွယ် တို့​အား​ငါ​ပေး​မည်။ ခါ​နာန်​ပြည်​တစ်​ပြည်​လုံး ကို သင်​၏​အ​ဆက်​အ​နွယ်​တို့​အား​ထာ​ဝ​စဉ် အ​ပိုင်​ပေး​မည်။ ငါ​သည်​လည်း​သူ​တို့​၏​ဘု​ရား ဖြစ်​မည်'' ဟု​မိန့်​တော်​မူ​၏။

9 တစ်​ဖန်​ဘု​ရား​သ​ခင်​က``သင်​နှင့်​တ​ကွ​သင် ၏​အ​မျိုး​အ​နွယ်​အ​စဉ်​အ​ဆက်​တို့​က​လည်း ငါ​၏​ပ​ဋိ​ညာဉ်​ကို​စောင့်​ထိန်း​ရ​ကြ​မည်။-

10 သင်​နှင့်​သင်​၏​အ​ဆက်​အ​နွယ်​တို့​တွင် ယောကျာ်း တိုင်း​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​ကို​ခံ​ရ ကြ​မည်။-

11-12 ယ​ခု​မှ​စ​၍​သင့်​အိမ်​၌​ပေါက်​ဖွား​သော​ကျွန် များ​နှင့် တစ်​ခြား​အ​မျိုး​သား​တို့​ထံ​မှ​ဝယ်​ယူ သော​ကျွန်​များ​အ​ပါ​အ​ဝင် ရှစ်​ရက်​အ​ရွယ်​ရှိ သား​ယောကျာ်း​တိုင်း​ကို​အ​ရေ​ဖျား​လှီး​ခြင်း မင်္ဂ​လာ​စီ​ရင်​ပေး​ရ​မည်။ ဤ​အ​ရေ​ဖျား လှီး​ခြင်း​မင်္ဂ​လာ​သည် သင်​တို့​နှင့်​ငါ​ပြု​ရ သော​ပဋိ​ညာဉ်​ကို​ပြ​သ​ခြင်း​ဖြစ်​သည်။-

13 ယောကျာ်း​တိုင်း​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​ခံ ရ​မည်။ ထို​သို့​ပြု​လုပ်​ခြင်း​သည် သင်​နှင့်​ငါ​ပြု သော​ပ​ဋိ​ညာဉ်​ထာ​ဝ​စဉ်​တည်​ကြောင်း ကိုယ် ကာ​ယ​၌​ထင်​ရှား​သည့်​လက္ခ​ဏာ​အ​မှတ် အ​သား​ဖြစ်​လိမ့်​မည်။-

14 အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​ကို​မ​ခံ​သော ယောကျာ်း​သည် ငါ​နှင့်​ပြု​ထား​သော​ပ​ဋိ​ညာဉ်​ကို မ​စောင့်​ထိန်း​သော​သူ​ဖြစ်​ခြင်း​ကြောင့် ငါ​၏​လူ​မျိုး တော်​ဝင်​အ​ဖြစ်​မှ​ထုတ်​ပယ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်'' ဟု​အာ​ဗြ​ဟံ​အား​မိန့်​တော်​မူ​၏။