ကမ္ဘာ​ဦး 18:1-4 BCL

1 ထာ​ဝ​ရ​ဘု​ရား​သည်​မံ​ရေ​ပိုင်​သော​သစ်​ပင်​များ ရှိ​ရာ​အ​ရပ်​တွင် အာ​ဗြ​ဟံ​အား​ကိုယ်​ထင်​ပြ တော်​မူ​၏။ နေ​အ​လွန်​ပူ​ပြင်း​သော​အ​ချိန်​၌ အာ​ဗြ​ဟံ​သည်​မိ​မိ​၏​တဲ​ဝ​မှာ​ထိုင်​နေ​စဉ်၊-

2 မျက်​နှာ​ကို​မော်​ကြည့်​လိုက်​ရာ လူ​သုံး​ဦး​ရပ်​နေ​သည် ကို​တွေ့​မြင်​ရ​လေ​သည်။ အာ​ဗြ​ဟံ​သည်​သူ​တို့​ကို မြင်​လျှင် ခ​ရီး​ဦး​ကြို​ဆို​ခြင်း​ငှာ​ပြေး​သွား​လေ​၏။ သူ​သည်​ဦး​ညွှတ်​ပျပ်​ဝပ်​လျက်၊-

3 ``အ​ရှင်​သ​ခင်​တို့၊ အ​ရှင်​တို့​အား​ဧည့်​ဝတ်​ပြု ပါ​ရ​စေ။ အ​ကျွန်ုပ်​၏​အိမ်​သို့​မ​ဝင်​ဘဲ​မ​နေ ပါ​နှင့်။-

4 ခြေ​ဆေး​ရန်​ရေ​ယူ​ခဲ့​ပါ​ရ​စေ။ ဤ​သစ်​ပင် အောက်​တွင်​အ​ပန်း​ဖြေ​နိုင်​ပါ​သည်။-