ကမ္ဘာ​ဦး 18:11-17 BCL

11 အာ​ဗြ​ဟံ​နှင့်​စာ​ရာ​တို့​သည်​အ​ရွယ်​လွန်​ကြ ပြီ​ဖြစ်​၍ စာ​ရာ​၌​သွေး​ဆုံး​နေ​ပြီ​ဖြစ်​သည်။-

12 သို့​ဖြစ်​၍​စာ​ရာ​က``ငါ​သည်​အို​၍​အား​အင်​ကုန် ခန်း​လျက်​ရှိ​ပြီ။ ကာ​မ​စည်း​စိမ်​ကို​မည်​သို့​ခံ​စား နိုင်​မည်​နည်း။ ထို့​အ​ပြင်​ငါ​၏​ယောကျာ်း​သည်​လည်း အို​ပြီ'' ဟု​တွေး​တော​ကာ​ပြုံး​ရယ်​လေ​၏။

13 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``စာ​ရာ​သည် ငါ​ဤ မျှ​လောက်​အ​ရွယ်​ကြီး​ရင့်​ကာ​မှ သား​သ​မီး​ရ နိုင်​ဦး​မည်​လော​ဟု​ဆို​၍ အ​ဘယ်​ကြောင့်​ပြုံး ရယ်​ရ​သ​နည်း။-

14 ထာ​ဝ​ရ​ဘု​ရား​မ​တတ်​နိုင်​သော​အ​ရာ​ဟူ​၍​ရှိ ပါ​သ​လော။ ငါ​ပြော​ခဲ့​ပြီး​သည့်​အ​တိုင်း​နောက် ကိုး​လ​ကြာ​လျှင် ငါ​ပြန်​လာ​ဦး​မည်။ ထို​အ​ခါ စာ​ရာ​သည်​သား​ကို​ရ​လိမ့်​မည်'' ဟု​အာ​ဗြ​ဟံ အား​မိန့်​တော်​မူ​၏။

15 စာ​ရာ​သည်​ကြောက်​ရွံ့​သ​ဖြင့်``ကျွန်​မ၊ မ​ရယ် ပါ'' ဟု​ဆို​လေ​၏။ကိုယ်​တော်​က``သင်​အ​မှန်​ပင်​ရယ်​သည်'' ဟု မိန့်​တော်​မူ​၏။

16 ထို​သူ​တို့​သည်​ထွက်​ခွာ​၍ သော​ဒုံ​မြို့​ကို​မြင်​နိုင် သော​နေ​ရာ​သို့​ရောက်​ကြ​၏။ အာ​ဗြ​ဟံ​သည် လည်း သူ​တို့​အား​ပို့​ရန်​လိုက်​ပါ​လာ​ခဲ့​သည်။-

17 ထာ​ဝ​ရ​ဘု​ရား​က``ငါ​ပြု​မည့်​ကိစ္စ​ကို အာ​ဗြ​ဟံ​အား​အ​သိ​မ​ပေး​ဘဲ​မ​ဖြစ်​နိုင်။-