ကမ္ဘာ​ဦး 18:22-28 BCL

22 ထို​သူ​တို့​သုံး​ဦး​ထဲ​မှ​နှစ်​ဦး​သည် သော​ဒုံ​မြို့ ဘက်​သို့​ထွက်​ခွာ​သွား​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား က​မူ အာ​ဗြ​ဟံ​နှင့်​အ​တူ​နေ​ရစ်​ခဲ့​လေ​သည်။-

23 အာ​ဗြ​ဟံ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​ချဉ်း​ကပ် ၍``ကိုယ်​တော်​သည်​အ​ပြစ်​မဲ့​သူ​တို့​ကို အ​ပြစ် ရှိ​သူ​တို့​နှင့်​အ​တူ​အ​မှန်​ပင်​သေ​ကြေ​ပျက်​စီး စေ​တော်​မူ​မည်​လော။-

24 အ​ကယ်​၍​မြို့​ထဲ​၌​အ​ပြစ်​မဲ့​သူ​ဦး​ရေ​ငါး ဆယ်​ရှိ​လျှင် တစ်​မြို့​လုံး​ကို​ဖျက်​ဆီး​ပစ်​မည် လော။ ထို​သူ​ငါး​ဆယ်​ကို​ထောက်​ထား​၍ မြို့​ကို ချမ်း​သာ​မ​ပေး​ဘဲ​နေ​မည်​လော။-

25 ကိုယ်​တော်​သည်​အ​ပြစ်​မဲ့​သူ​များ​ကို အ​ပြစ်​ရှိ သူ​တို့​နှင့်​ရော​၍​သုတ်​သင်​ပစ်​မည်​လော။ ထို​သို့ မ​ဖြစ်​နိုင်​ပါ။ ကိုယ်​တော်​သည်​ထို​သို့​မ​ပြု​နိုင် ပါ။ ကိုယ်​တော်​သည်​ထို​သို့​ပြု​လျှင် အ​ပြစ်​မဲ့​သူ တို့​သည်​အ​ပြစ်​ရှိ​သူ​တို့​နှင့်​အ​တူ​ဒဏ်​ခံ​ရ ကြ​ပါ​မည်။ ထို​သို့​မ​ဖြစ်​ပါ​စေ​နှင့်။ ကမ္ဘာ​မြေ ကြီး​တစ်​ခု​လုံး​ကို​တ​ရား​စီ​ရင်​သော​အ​ရှင် သည် တ​ရား​မျှ​တ​စွာ​စီ​ရင်​တော်​မူ​မည်​မ​ဟုတ် ပါ​လော'' ဟု​လျှောက်​လေ​၏။

26 ထာ​ဝ​ရ​ဘု​ရား​က``သော​ဒုံ​မြို့​ထဲ​၌​အ​ပြစ် မဲ့​သူ​ဦး​ရေ​ငါး​ဆယ်​ရှိ​လျှင် ထို​သူ​တို့​ကို ထောက်​ထား​၍​တစ်​မြို့​လုံး​ကို​ငါ​ချမ်း​သာ​ပေး မည်'' ဟု​မိန့်​တော်​မူ​၏။

27 တစ်​ဖန်​အာ​ဗြ​ဟံ​က``ဘု​ရား​ရှင်​အား အ​တင့် ရဲ​၍​ဆက်​လက်​လျှောက်​ဆို​ခြင်း​ကို​ခွင့်​လွှတ် တော်​မူ​ပါ။ အ​ကျွန်ုပ်​သည်​လူ​သား​ဖြစ်​၍ မည်​သို့​မျှ​လျှောက်​ခွင့်​မ​ရှိ​ပါ။-

28 သို့​သော်​အ​ပြစ်​မဲ့​သူ​ငါး​ဆယ်​အ​စား​လေး ဆယ့်​ငါး​ယောက်​မျှ​ရှိ​ကောင်း​ရှိ​ပါ​မည်။ ထို ကဲ့​သို့​ငါး​ယောက်​လို​သော​ကြောင့် ကိုယ်​တော် သည်​တစ်​မြို့​လုံး​ကို​ဖျက်​ဆီး​ပစ်​မည်​လော'' ဟု​မေး​လျှောက်​လေ​၏။ထာ​ဝ​ရ​ဘု​ရား​က``အ​ပြစ်​မဲ့​သူ​လေး​ဆယ် ငါး​ယောက်​ရှိ​လျှင် မြို့​ကို​ဖျက်​ဆီး​ပစ်​မည် မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။