ကမ္ဘာ​ဦး 18:6-12 BCL

6 အာ​ဗြ​ဟံ​သည်​တဲ​ထဲ​ရှိ​စာ​ရာ​ထံ​သို့​အ​လျင် အ​မြန်​ဝင်​သွား​ပြီး​လျှင်``အ​ကောင်း​ဆုံး​မုန့်​ညက် ကို​ယူ​၍​မုန့်​အ​မြန်​ဖုတ်​ပါ'' ဟု​စေ​ခိုင်း​လေ သည်။-

7 အာ​ဗြ​ဟံ​သည်​နွား​အုပ်​ရှိ​ရာ​သို့​ပြေး​ပြီး​လျှင် ဆူ​ဖြိုး​နု​နယ်​သော​နွား​က​လေး​တစ်​ကောင်​ကို ရွေး​လျက် ကျွန်​တစ်​ဦး​၏​လက်​သို့​အပ်​၍​ဟင်း လျာ​ကို​အ​လျင်​အ​မြန်​ပြင်​ဆင်​စေ​၏။-

8 ထို​နောက်​မ​လိုင်၊ နို့​နှင့်​အ​မဲ​ဟင်း​တို့​ကို​ဧည့်​သည် များ​ရှေ့​၌​တည်​ခင်း​သည်။ သူ​ကိုယ်​တိုင်​ထို​သူ​တို့ အား​သစ်​ပင်​အောက်​တွင်​ဧည့်​ခံ​ကျွေး​မွေး​သ​ဖြင့် သူ​တို့​သည်​စား​သုံး​ကြ​၏။

9 သူ​တို့​က``သင်​၏​မ​ယား​စာ​ရာ​အ​ဘယ်​မှာ​ရှိ သ​နည်း'' ဟု​မေး​၏။အာ​ဗြ​ဟံ​က``တဲ​ထဲ​မှာ​ရှိ​ပါ​သည်'' ဟု​ပြန် ဖြေ​၏။

10 တစ်​ယောက်​သော​ဧည့်​သည်​က``ယ​ခု​မှ​စ​၍​ကိုး​လ ကြာ​သော​အ​ခါ ငါ​ပြန်​လာ​ဦး​မည်။ ထို​အ​ချိန်​၌ သင်​၏​မ​ယား​စာ​ရာ​၌​သား​ဖွား​လိမ့်​မည်'' ဟု ဆို​လေ​၏။ထို​အ​ချိန်​၌​စာ​ရာ​သည် ထို​သူ​၏​နောက်​ကွယ် တဲ​ဝ​မှာ​နေ​၍ နား​ထောင်​လျက်​ရှိ​၏။-

11 အာ​ဗြ​ဟံ​နှင့်​စာ​ရာ​တို့​သည်​အ​ရွယ်​လွန်​ကြ ပြီ​ဖြစ်​၍ စာ​ရာ​၌​သွေး​ဆုံး​နေ​ပြီ​ဖြစ်​သည်။-

12 သို့​ဖြစ်​၍​စာ​ရာ​က``ငါ​သည်​အို​၍​အား​အင်​ကုန် ခန်း​လျက်​ရှိ​ပြီ။ ကာ​မ​စည်း​စိမ်​ကို​မည်​သို့​ခံ​စား နိုင်​မည်​နည်း။ ထို့​အ​ပြင်​ငါ​၏​ယောကျာ်း​သည်​လည်း အို​ပြီ'' ဟု​တွေး​တော​ကာ​ပြုံး​ရယ်​လေ​၏။