11 ထိုနောက်အပြင်ဘက်၌ရှိသောသူအားလုံးတို့ကိုမျက်စိကွယ်စေရန်ဒဏ်ခတ်သဖြင့် သူတို့သည်တံခါးပေါက်ကိုရှာ၍မတွေ့နိုင်ကြ။
12 ဧည့်သည်နှစ်ဦးတို့က``ငါတို့သည်ဤအရပ်ကိုဖျက်ဆီးပစ်မည်ဖြစ်သောကြောင့် မြို့ထဲတွင်သင်နှင့်ဆိုင်သောသင်၏သားသမီး၊ သမက်နှင့်အခြားဆွေမျိုးသားချင်းများရှိကြလျှင်ထွက်ခွာသွားကြစေ။-
13 သောဒုံမြို့သားတို့အားကြီးလေးသောအပြစ်တင်စွပ်စွဲသံများကိုထာဝရဘုရားကြားရသဖြင့် သောဒုံမြို့ကိုဖျက်ဆီးပစ်ရန် ငါတို့ကိုစေလွှတ်လိုက်သည်'' ဟုလောတအားဆိုလေသည်။
14 ထိုအခါလောတသည် မိမိ၏သမက်လောင်းများထံသို့သွား၍``ဤအရပ်မှအမြန်ထွက်ကြလော့။ ထာဝရဘုရားသည်ဤမြို့ကိုဖျက်ဆီးတော်မူမည်'' ဟုတိုက်တွန်းလေ၏။ သို့ရာတွင်သမက်လောင်းတို့သည် လောတကျီစားပြောနေသည်ဟုထင်မှတ်ကြလေသည်။
15 နံနက်အချိန်အရုဏ်တက်အချိန်၌ ကောင်းကင်တမန်တို့ကလောတအားအမြန်ထွက်သွားရန်တိုက်တွန်းလေသည်။ သူတို့က``မြို့ကိုဖျက်ဆီးသောအခါသင်၏မယားနှင့်သမီးနှစ်ယောက်အသက်မဆုံးရစေရန် သူတို့ကိုခေါ်၍ယခုအမြန်ထွက်လော့'' ဟုဆို၏။-
16 သို့သော်လည်းလောတသည်ဖင့်နွဲလျက်နေ၏။ ထာဝရဘုရားသည်သူ့ကိုသနားတော်မူ၏။ သို့ဖြစ်၍ကောင်းကင်တမန်တို့သည် သူနှင့်သူ၏မယား၊ သူ၏သမီးနှစ်ယောက်တို့ကိုလက်ဆွဲ၍ မြို့ပြင်သို့ထုတ်ကြ၏။-
17 ထိုနောက်ကောင်းကင်တမန်တစ်ပါးက``အသက်ဘေးမှလွတ်အောင်ပြေးကြလော့။ နောက်သို့လှည့်မကြည့်နှင့်။ ချိုင့်ဝှမ်းထဲ၌မရပ်နားနေနှင့်။ အသက်ချမ်းသာရာရရန်တောင်ပေါ်သို့ပြေးကြလော့'' ဟုမှာကြားလေသည်။