ကမ္ဘာ​ဦး 19:20-26 BCL

20 ရှေ့​တွင်​မြို့​က​လေး​တစ်​မြို့​ရှိ​ပါ​သည်။ ထို​မြို့​သည်​နီး​သ​ဖြင့်​ရောက်​လွယ်​ပါ​သည်။ ထို​မြို့​သို့​ပြေး​ပါ​ရ​စေ။ မြို့​ငယ်​က​လေး​ဖြစ်​၍ အ​ကျွန်ုပ်​အ​တွက်​လုံ​ခြုံ​မှု​ရှိ​ပါ​မည်'' ဟု​လျှောက်​လေ​၏။

21 ကောင်း​ကင်​တ​မန်​က``ကောင်း​ပြီ။ ထို​မြို့​ကို​ငါ​မ​ဖျက်​ဆီး။-

22 မြန်​မြန်​ပြေး​လော့။ ထို​မြို့​သို့​သင်​မ​ရောက်​မီ ငါ​သည်​သော​ဒုံ​မြို့​ကို​ဒဏ်​မ​စီ​ရင်​နိုင်'' ဟု​ဆို​လေ​၏။လော​တ​သည်​ထို​မြို့​ကို​မြို့​က​လေး​ဟု​ခေါ်​သ​ဖြင့် ဇော​ရ​မြို့​ဟု​နာ​မည်​တွင်​လေ​၏။

23 နေ​ထွက်​ချိန်​၌​ဇော​ရ​မြို့​သို့​လော​တ​ရောက်​ရှိ​လေ​၏။-

24 ထို​အ​ခါ​၌​ထာ​ဝ​ရ​ဘု​ရား​သည် သော​ဒုံ​မြို့​နှင့်​ဂေါ​မော​ရ​မြို့​များ​ပေါ်​သို့ ကန့်​မီး​မိုး​ကို​ရွာ​ချ​စေ​တော်​မူ​သ​ဖြင့်၊-

25 ထို​မြို့​များ​နှင့်​ချိုင့်​ဝှမ်း​တစ်​လျှောက်​လုံး​ရှိ​လူ​တို့​နှင့်​အ​ပင်​တို့​ကို​သေ​ကြေ​ပျက်​စီး​စေ​တော်​မူ​၏။-

26 လော​တ​၏​မ​ယား​က​မူ​နောက်​သို့​လှည့်​ကြည့်​မိ​သ​ဖြင့် ဆား​တိုင်​အ​ဖြစ်​သို့​ပြောင်း​လဲ​သွား​လေ​သည်။