35 ထိုည၌လည်းသူတို့သည်ဖခင်ကိုစပျစ်ရည်တိုက်၍မူးယစ်စေပြီးလျှင် သမီးအငယ်သည်သူနှင့်အိပ်လေ၏။ ဖခင်လည်းမူးယစ်နေသဖြင့် မိမိပြုသည့်အမှုကိုမိမိမသိချေ။-
36 ထိုသို့အားဖြင့်လောတ၏သမီးနှစ်ယောက်တို့သည် သူတို့၏ဖခင်နှင့်သန္ဓေစွဲကြလေသည်။-
37 သမီးအကြီးတွင်သားတစ်ယောက်ဖွားမြင်၍ မောဘဟုနာမည်မှည့်၏။ ထိုသားသည်လက်ရှိမောဘလူမျိုးတို့၏ဖခင်ဖြစ်သတည်း။-
38 သမီးအငယ်လည်းသားတစ်ယောက်ဖွားမြင်၍ ဗေနမ္မိဟုနာမည်မှည့်၏။ ထိုသားသည်လက်ရှိအမ္မုန်လူမျိုး၏ဖခင်ဖြစ်သတည်း။