ကမ္ဘာ​ဦး 2:11-18 BCL

11 ပ​ထ​မ​မြစ်​သည်​ကား​ဖိ​ရှုန်​မြစ်​ဖြစ်​၍ ဟာ​ဝိ​လ​ပြည်​ကို​ပတ်​၍​စီး​ဆင်း​၏။-

12 (ဤ​အ​ရပ်​တွင်​ရွှေ​စင်​ထွက်​၏။ အ​ဖိုး​ထိုက်​တန် သော​နံ့​သာ​နှင့်​ကျောက်​မျက်​ရ​တ​နာ​လည်း ထွက်​၏။-)

13 ဒု​တိ​ယ​မြစ်​သည်​ကား​ဂိ​ဟုန်​မြစ်​ဖြစ်​၍​ကု​ရှ ပြည်​ကို​ပတ်​၍​စီး​ဆင်း​၏။-

14 တ​တိ​ယ​မြစ်​သည်​ကား​တိ​ဂ​ရစ်​မြစ်​ဖြစ်​၍ အာ​ရှု​ရိ​ပြည်​အ​ရှေ့​ဘက်​မှ​စီး​ဆင်း​၏။ စတုတ္ထ မြစ်​သည်​ကား​ဥ​ဖ​ရတ်​မြစ်​ဖြစ်​၏။

15 ထို့​နောက်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် ဧ​ဒင်​ဥ​ယျာဉ်​ကို ထွန်​ယက်​စိုက်​ပျိုး​ရန်​နှင့်​စောင့် ရှောက်​ထိန်း​သိမ်း​ရန် လူ​ကို​ထို​ဥ​ယျာဉ်​တွင်​နေ စေ​တော်​မူ​၏။-

16-17 ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က``သင်​သည် အ​ကောင်း​နှင့်​အ​ဆိုး​ကို ပိုင်း​ခြား​သိ​မြင်​နိုင်​စေ သော​အ​ပင်​၏​အ​သီး​မှ​တစ်​ပါး ဥ​ယျာဉ်​ထဲ​၌ ရှိ​သ​မျှ​သော​အ​ပင်​၏​အ​သီး​ကို​စား​နိုင်​၏။ ထို​အ​ပင်​၏​အ​သီး​ကို​ကား​မ​စား​ရ။ စား သော​နေ့​၌​သေ​ရ​မည်'' ဟု​လူ​အား​ပညတ် တော်​မူ​၏။

18 ထို​နောက်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က``လူ သည်​တစ်​ယောက်​တည်း​နေ​ထိုင်​ရန်​မ​သင့်။ သူ့ အား​ကူ​ညီ​ရန် သင့်​တော်​သော​အ​ဖော်​ကို​ငါ ဖန်​ဆင်း​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။-