ကမ္ဘာ​ဦး 2:21-25 BCL

21 ထို့​ကြောင့်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် လူ​ကို​နှစ်​ခြိုက်​စွာ​အိပ်​မော​ကျ​စေ​တော်​မူ​၏။ အိပ်​နေ​စဉ်​နံ​ရိုး​တစ်​ချောင်း​ကို​ထုတ်​ယူ​ပြီး လျှင် အ​သား​ကို​ပြန်​၍​ပိတ်​တော်​မူ​၏။-

22 ထို​နောက်​ထို​နံ​ရိုး​ဖြင့်​မိန်း​မ​ကို​ဖန်​ဆင်း​၍ လူ​၏​ထံ​သို့​ခေါ်​ဆောင်​ခဲ့​တော်​မူ​၏။-

23 လူ​က​လည်း၊``ဤ​သူ​သည်​ငါ့​အ​ရိုး​မှ​အ​ရိုး၊ငါ့​အ​သား​မှ အ​သား​ဖြစ်​၏။သူ့​အား​လူ​ယောကျာ်း​မှ​ထုတ်​ယူ​ရ​သ​ဖြင့် `လူ​မိန်း​မ' ဟု​မှည့်​ခေါ်​ရ​မည်'' ဟု​ဆို​၏။

24 ထို​အ​ကြောင်း​ကြောင့်​ယောကျာ်း​သည်​မိ​ဘ​ကို စွန့်​၍​ဇ​နီး​နှင့်​စုံ​ဖက်​သ​ဖြင့် သူ​တို့​နှစ်​ဦး သည်​တစ်​သွေး​တစ်​သား​တည်း​ဖြစ်​လာ ကြ​၏။

25 ထို​သူ​နှစ်​ဦး​စ​လုံး​တွင်​အ​ဝတ်​အ​ချည်း​စည်း ဖြစ်​နေ​သော်​လည်း​ရှက်​ကြောက်​ခြင်း​မ​ရှိ။