8 ထို့နောက်ထာဝရအရှင်ဘုရားသခင်သည် အရှေ့ဘက်ရှိဧဒင်အရပ်၌ဥယျာဉ်ကိုတည် ပြီးလျှင် ဖန်ဆင်းတော်မူသောလူကိုထိုဥယျာဉ် တွင်နေစေတော်မူ၏။-
9 ထိုဥယျာဉ်တွင်ရှုချင်ဖွယ်ကောင်း၍ စားဖွယ် ကောင်းသောအသီးပင်အမျိုးမျိုးကိုပေါက် စေတော်မူ၏။ ဥယျာဉ်အလယ်တွင်အသက် ရှင်စေသောအပင်ရှိ၏။ အကောင်းနှင့်အဆိုး ကိုပိုင်းခြားသိမြင်စေသောအပင်လည်းရှိ ၏။
10 မြစ်တစ်မြစ်သည်ဧဒင်အရပ်တွင်စီးထွက် လျက် ဥယျာဉ်ကိုရေပေး၏။ ဧဒင်ဥယျာဉ်ကို ကျော်လွန်သောအခါမြစ်လေးသွယ်ခွဲ၍ ဖြာဆင်း၏။-
11 ပထမမြစ်သည်ကားဖိရှုန်မြစ်ဖြစ်၍ ဟာဝိလပြည်ကိုပတ်၍စီးဆင်း၏။-
12 (ဤအရပ်တွင်ရွှေစင်ထွက်၏။ အဖိုးထိုက်တန် သောနံ့သာနှင့်ကျောက်မျက်ရတနာလည်း ထွက်၏။-)
13 ဒုတိယမြစ်သည်ကားဂိဟုန်မြစ်ဖြစ်၍ကုရှ ပြည်ကိုပတ်၍စီးဆင်း၏။-
14 တတိယမြစ်သည်ကားတိဂရစ်မြစ်ဖြစ်၍ အာရှုရိပြည်အရှေ့ဘက်မှစီးဆင်း၏။ စတုတ္ထ မြစ်သည်ကားဥဖရတ်မြစ်ဖြစ်၏။