ကမ္ဘာ​ဦး 20:14-17-18 BCL

14 ထို​နောက်​အ​ဘိ​မ​လက်​သည် စာ​ရာ​ကို​အာ​ဗြ​ဟံ ထံ​ပြန်​အပ်​လေ​၏။ အာ​ဗြ​ဟံ​အား​သိုး​နွား​နှင့် ကျေး​ကျွန်​များ​ကို​လည်း​ပေး​သ​နား​လေ​သည်။-

15 အ​ဘိ​မ​လက်​က``ငါ​၏​တိုင်း​ပြည်​တစ်​ဝန်း လုံး​တွင် သင်​ကြိုက်​ရာ​အ​ရပ်​၌​နေ​လော့'' ဟု အာ​ဗြ​ဟံ​အား​မိန့်​ကြား​၏။-

16 ထို​နောက်​စာ​ရာ​အား``သင်​သည်​အ​ပြစ်​မဲ့​ကြောင်း သင်​၏​အ​ပေါင်း​အ​ဖော်​တို့​သိ​စေ​ရန်​သက်​သေ အ​ထောက်​အ​ထား​အ​ဖြစ် ငါ​သည်​သင်​၏​အစ်​ကို အား​ငွေ​သား​တစ်​ထောင်​ပေး​ပြီ။ လူ​တိုင်း​က​သင် သည်​အ​ပြစ်​တစ်​စုံ​တစ်​ရာ​ကူး​လွန်​ခြင်း​မ​ရှိ ကြောင်း​သိ​လိမ့်​မည်'' ဟု​ဆို​လေ​၏။

17-18 အာ​ဗြ​ဟံ​၏​မ​ယား​စာ​ရာ​ကို​သိမ်း​ပိုက်​သည့် ကိစ္စ​ကြောင့် အ​ဘိ​မ​လက်​၏​နန်း​တော်​တွင်​ရှိ သ​မျှ​သော​မိန်း​မ​တို့​သည် သား​သ​မီး​မ​ရ​စေ ခြင်း​ငှာ​ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​တော်​မူ​၏။ ထို​ကြောင့် အာ​ဗြ​ဟံ​သည်​အ​ဘိ​မ​လက်​အ​တွက် ထာ​ဝ​ရ ဘု​ရား​ထံ​ဆု​တောင်း​သ​ဖြင့်​သူ​သည်​ကျန်း​မာ လာ​၏။ သူ​၏​မ​ယား​နှင့်​သူ​၏​ကျွန်​မ​တို့​သည် လည်း သား​သ​မီး​ရ​နိုင်​ရန်​ကျန်း​မာ​လာ​ကြ လေ​သည်။