ကမ္ဘာ​ဦး 21:1-7 BCL

1 ထာ​ဝ​ရ​ဘု​ရား​သည်​က​တိ​တော်​ရှိ​သည်​အ​တိုင်း စာ​ရာ​ကို​ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့်၊-

2 အာ​ဗြ​ဟံ​အ​သက်​အ​ရွယ်​ကြီး​ရင့်​သည့်​အ​ခါ ၌ စာ​ရာ​သည်​ကိုယ်​ဝန်​ဆောင်​၍​သား​ကို​ဖွား​မြင် လေ​၏။ ဘု​ရား​သ​ခင်​သတ်​မှတ်​သော​အ​ချိန်​၌ ထို​သား​ကို​ဖွား​မြင်​၏။-

3 အာ​ဗြ​ဟံ​သည်​ထို​သား​ကို​ဣ​ဇာက်​ဟု​နာ​မည် မှည့်​၍၊-

4 ဘု​ရား​သ​ခင်​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း​ရှစ်​ရက် သား​အ​ရွယ်​၌​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂလာ​ကို စီ​ရင်​လေ​သည်။-

5 ဣ​ဇာက်​ကို​ဖွား​မြင်​သော​အ​ခါ​အာ​ဗြ​ဟံ​သည် အ​သက်​တစ်​ရာ​ရှိ​ပြီ​ဖြစ်​၏။-

6 စာ​ရာ​က​လည်း``ဘု​ရား​သ​ခင်​သည်​ငါ့​အား​ရယ် စေ​တော်​မူ​ပြီ။ ဤ​သတင်း​ကို​ကြား​ရ​သော​သူ တိုင်း​ငါ​နှင့်​အ​တူ​ရယ်​လိမ့်​မည်'' ဟု​ဆို​လေ​၏။-

7 စာ​ရာ​က​ဆက်​လက်​၍``စာ​ရာ​သည်​သား​ကို​နို့ တိုက်​မည်​ဟု​မည်​သူ​က​အာ​ဗြ​ဟံ​အား​ပြော​မည် နည်း။ ယ​ခု​မူ​ကား​အ​သက်​အ​ရွယ်​ကြီး​ရင့်​သော အ​ချိန်​၌​ငါ​သည်​သူ့​အ​တွက်​သား​ကို​ဖွား​ပြီ'' ဟု​ဆို​လေ​၏။