8 အာဗြဟံက``ဘုရားသခင်ကိုယ်တော်တိုင် ယဇ်ကောင်ကိုစီမံပေးပါလိမ့်မည်'' ဟုပြန် ဖြေလိုက်၏။ ထိုနောက်သူတို့နှစ်ဦးဆက်၍ လျှောက်သွားကြလေသည်။
9 ဘုရားသခင်ညွှန်ပြတော်မူသောအရပ်သို့ ရောက်ကြသောအခါ အာဗြဟံသည်ယဇ်ပလ္လင် ကိုတည်၍ထင်းကိုပလ္လင်ပေါ်တွင်ပုံ၏။ ထိုနောက် သူ၏သားကိုတုတ်နှောင်ပြီးလျှင်ထင်းပုံပေါ် တွင်တင်ထား၏။-
10 ထိုနောက်သားကိုသတ်ရန်ဋ္ဌားကိုယူလိုက်၏။-
11 ထိုအခိုက်တွင်ထာဝရဘုရား၏ကောင်းကင်တမန် သည်``အာဗြဟံ၊ အာဗြဟံ'' ဟုကောင်းကင်မှ ခေါ်လေ၏။အာဗြဟံက``အကျွန်ုပ်ရှိပါ၏အရှင်ဘုရား'' ဟုထူးလေ၏။
12 ကောင်းကင်တမန်က``သူငယ်အားမည်သို့မျှမနာ မကျင်စေနှင့်။ သင်သည်တစ်ဦးတည်းသောသားကို ငါ့အားပူဇော်ရန်မငြင်းဆိုခဲ့သဖြင့် ဘုရားသခင်ကိုကြောက်ရွံ့ရိုသေ၍အမိန့်တော်ကို နာခံသူဖြစ်ကြောင်း ယခုငါသိရပြီ'' ဟုမိန့် တော်မူ၏။
13 ထိုနောက်အာဗြဟံသည်မော်၍ကြည့်လိုက်သော အခါ ချုံထဲတွင်ဦးချိုငြိနေသောသိုးထီးတစ် ကောင်ကိုမြင်ရလေသည်။ သူသည်သွား၍ထိုသိုး ကိုယူဆောင်ခဲ့ပြီးလျှင် သား၏ကိုယ်စားမီးရှို့ ရာယဇ်ကောင်အဖြစ်ပူဇော်လေ၏။-
14 အာဗြဟံသည်ထိုအရပ်ကို``ထာဝရဘုရား ပြင်ဆင် ပေးသည်'' ဟုသမုတ်လေ၏။ ယနေ့ထက်တိုင်လူ တို့က``တောင်ပေါ်မှာထာဝရဘုရားပြင်ဆင် ပေးလိမ့်မည်'' ဟူ၍ပြောဆိုလေ့ရှိကြ၏။