ကမ္ဘာ​ဦး 22:9-15 BCL

9 ဘု​ရား​သ​ခင်​ညွှန်​ပြ​တော်​မူ​သော​အ​ရပ်​သို့ ရောက်​ကြ​သော​အ​ခါ အာ​ဗြ​ဟံ​သည်​ယဇ်​ပလ္လင် ကို​တည်​၍​ထင်း​ကို​ပလ္လင်​ပေါ်​တွင်​ပုံ​၏။ ထို​နောက် သူ​၏​သား​ကို​တုတ်​နှောင်​ပြီး​လျှင်​ထင်း​ပုံ​ပေါ် တွင်​တင်​ထား​၏။-

10 ထို​နောက်​သား​ကို​သတ်​ရန်​ဋ္ဌား​ကို​ယူ​လိုက်​၏။-

11 ထို​အ​ခိုက်​တွင်​ထာဝရ​ဘုရား​၏​ကောင်း​ကင်​တမန် သည်``အာ​ဗြ​ဟံ၊ အာ​ဗြ​ဟံ'' ဟု​ကောင်းကင်​မှ ခေါ်​လေ​၏။အာ​ဗြ​ဟံ​က``အ​ကျွန်ုပ်​ရှိ​ပါ​၏​အ​ရှင်​ဘု​ရား'' ဟု​ထူး​လေ​၏။

12 ကောင်း​ကင်​တ​မန်​က``သူ​ငယ်​အား​မည်​သို့​မျှ​မ​နာ မ​ကျင်​စေ​နှင့်။ သင်​သည်​တစ်​ဦး​တည်း​သော​သား​ကို ငါ့​အား​ပူ​ဇော်​ရန်​မ​ငြင်း​ဆို​ခဲ့​သ​ဖြင့် ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​ရို​သေ​၍​အ​မိန့်​တော်​ကို နာ​ခံ​သူ​ဖြစ်​ကြောင်း ယ​ခု​ငါ​သိ​ရ​ပြီ'' ဟု​မိန့် တော်​မူ​၏။

13 ထို​နောက်​အာ​ဗြ​ဟံ​သည်​မော်​၍​ကြည့်​လိုက်​သော အ​ခါ ချုံ​ထဲ​တွင်​ဦး​ချို​ငြိ​နေ​သော​သိုးထီး​တစ် ကောင်​ကို​မြင်​ရ​လေ​သည်။ သူ​သည်​သွား​၍​ထို​သိုး ကို​ယူ​ဆောင်​ခဲ့​ပြီး​လျှင် သား​၏​ကိုယ်​စား​မီး​ရှို့ ရာ​ယဇ်​ကောင်​အ​ဖြစ်​ပူ​ဇော်​လေ​၏။-

14 အာ​ဗြ​ဟံ​သည်​ထို​အ​ရပ်​ကို``ထာ​ဝ​ရ​ဘု​ရား ပြင်​ဆင် ပေး​သည်'' ဟု​သ​မုတ်​လေ​၏။ ယ​နေ့​ထက်​တိုင်​လူ တို့​က``တောင်​ပေါ်​မှာ​ထာ​ဝ​ရ​ဘု​ရား​ပြင်​ဆင် ပေး​လိမ့်​မည်'' ဟူ​၍​ပြော​ဆို​လေ့​ရှိ​ကြ​၏။

15 ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် ကောင်း​ကင်​မှ​အာ​ဗြ​ဟံ​ကို​ဒု​တိ​ယ​အ​ကြိမ် ခေါ်​၍၊-