ကမ္ဘာ​ဦး 23:1-8 BCL

1 စာ​ရာ​သည်​အ​သက်​တစ်​ရာ​နှစ်​ဆယ့်​ခု​နစ်​နှစ်​ရှိ​သော်၊-

2 ခါ​နာန်​ပြည်​ဟေ​ဗြုန်​မြို့​၌​ကွယ်​လွန်​ရာ​အာ​ဗြ​ဟံ​သည် သူ့​အ​တွက်​ငို​ကြွေး​မြည်​တမ်း​လေ​သည်။

3 အာ​ဗြ​ဟံ​သည်​အ​လောင်း​ရှိ​ရာ​မှ​ထ​၍​ဟိတ္တိ​အ​မျိုး​သား​တို့​ထံ​သို့​သွား​ပြီး​လျှင်၊-

4 ငါ​သည်​သင်​တို့​ထံ​တွင်​ဧည့်​သည်​အာ​ဂန္တု​ဖြစ်​ပါ​၏။ ငါ​၏​မ​ယား​အ​လောင်း​ကို​မြှုပ်​နှံ​ရန်​မြေ​တစ်​ကွက်​ကို​ရောင်း​ပါ'' ဟု​ဆို​လေ​သည်။

5-6 သူ​တို့​က``ကျွန်ုပ်​တို့​အ​စီ​ရင်​ခံ​ပါ​ရ​စေ။ ကိုယ်​တော်​သည်​ကျွန်ုပ်​တို့​တွင်​တန်​ခိုး​ကြီး​သော​အ​ကြီး​အ​ကဲ​တစ်​ဦး​ဖြစ်​ပါ​သည်။ ကျွန်ုပ်​တို့​၏​အ​ကောင်း​ဆုံး​သော​သင်္ချိုင်း​တွင်​သင်​၏​မ​ယား​ကို​မြှုပ်​နှံ​ပါ။ သူ​၏​အ​လောင်း​ကို​မြှုပ်​နှံ​ရန်​အ​တွက်​သင်္ချိုင်း​ကို​ကျွန်ုပ်​တို့​က​ဝမ်း​သာ​စွာ​ပေး​ပါ​မည်'' ဟု​အာ​ဗြ​ဟံ​အား​ပြန်​ပြော​ကြ​၏။

7 ထို​အ​ခါ​အာ​ဗြ​ဟံ​သည်​သူ​တို့​ရှေ့​တွင်​ဦး​ညွှတ်​၍၊

8 ``သင်​တို့​သည်​ငါ​၏​မ​ယား​အ​လောင်း​ကို​ဤ​အ​ရပ်​တွင်​မြှုပ်​နှံ​စေ​လို​လျှင် ဇော​ဟာ​၏​သား​ဧ​ဖ​ရုန်​ပိုင်​မြေ​ကွက်​အ​စွန်း​၌​ရှိ​သော၊-