ကမ္ဘာ​ဦး 23:10-17 BCL

10 ဧ​ဖ​ရုန်​ကိုယ်​တိုင်​အ​ခြား​ဟိတ္တိ​အ​မျိုး​သား​တို့​နှင့်​အ​တူ မြို့​တံ​ခါး​အ​နီး​ရှိ​စု​ဝေး​ရာ​အ​ရပ်​၌​ထိုင်​လျက်​ရှိ​သည်။ သူ​က​အာ​ဗြ​ဟံ​အား၊-

11 ``အ​စီ​ရင်​ခံ​ပါ​ရ​စေ။ ဂူ​နှင့်​တ​ကွ​မြေ​ကွက်​တစ်​ခု​လုံး​ကို​ကျွန်ုပ်​ပေး​ပါ​၏။ အ​ရှင်​၏​မယား​ကို​သင်္ဂြိုဟ်​ရန်​ကျွန်ုပ်​တို့​၏​အ​မျိုး​သား​တို့​ရှေ့​မှောက်​တွင်​ထို​မြေ​ကို​ကျွန်ုပ်​ပေး​ပါ​၏'' ဟု​ရှိ​သ​မျှ​သော​သူ​တို့​ကြား​နိုင်​အောင်​ပြော​ကြား​လေ​သည်။

12 အာ​ဗြ​ဟံ​သည်​လည်း​မြို့​သား​တို့​ရှေ့​တွင်​ဦး​ညွတ်​၍၊-

13 အ​များ​ကြား​နိုင်​အောင်​ဧ​ဖ​ရုန်​အား``ငါ​တင်​ပြ​ချက်​ကို​လက်​ခံ​ပါ။ ထို​မြေ​တစ်​ကွက်​လုံး​ကို​ငါ​ဝယ်​ပါ​မည်။ မြေ​ဖိုး​ငွေ​ကို​လက်​ခံ​ပါ။ ငါ​၏​မယား​ကို​ထို​မြေ​၌​မြှုပ်​နှံ​ပါ​မည်'' ဟု​ပြန်​လည်​ပြော​ကြား​လေ​သည်။

14-15 ထို​အ​ခါ​ဧ​ဖ​ရုန်​က``အ​ရှင်၊ ထို​မြေ​ကွက်​သည်​ငွေ​သား​လေး​ရာ​မျှ​သာ​တန်​ဖိုး​ရှိ​၏။ ထို​ငွေ​မှာ​မ​ပြော​ပ​လောက်​ပါ။ ထို​မြေ​တွင်​အရှင်​၏​မယား​ကို​သင်္ဂြိုဟ်​ပါ​လော့'' ဟု​ဆို​လေ​၏။-

16 အာ​ဗြ​ဟံ​သည်​သ​ဘော​တူ​၍​လူ​တို့​ရှေ့​တွင်​ဧ​ဖ​ရုန်​တန်​ဖိုး​ဖြတ်​သော​ငွေ​သား​လေး​ရာ​ကို​ကုန်​သည်​သုံး​စံ​ချိန်​အ​ရ​ချိန်​တွယ်​၍​ဧ​ဖ​ရုန်​အား​ပေး​လေ​၏။

17 ထို​သို့​အား​ဖြင့်​မံ​ရေ​မြို့​အ​ရှေ့၊ မပ္ပေလ​အ​ရပ်​တွင်​ရှိ​သော​ဧ​ဖ​ရုန်​ပိုင်​မြေ​ကွက်​သည်​အာ​ဗြ​ဟံ​ပိုင်​မြေ​ဖြစ်​လာ​သည်။ သူ​ပိုင်​သော​မြေ​ကွက်​တွင်​ဂူ​နှင့် မြေ​ကွက်​ပေါ်​တွင်​ပေါက်​သ​မျှ​သော​သစ်​ပင်​များ၊ မြေ​ကွက်​အ​စွန်း​တိုင်​အောင်​ပေါက်​သ​မျှ​သော​သစ်​ပင်​များ​ပါ​ဝင်​လေ​သည်။-