ကမ္ဘာ​ဦး 23:14-15-20 BCL

14-15 ထို​အ​ခါ​ဧ​ဖ​ရုန်​က``အ​ရှင်၊ ထို​မြေ​ကွက်​သည်​ငွေ​သား​လေး​ရာ​မျှ​သာ​တန်​ဖိုး​ရှိ​၏။ ထို​ငွေ​မှာ​မ​ပြော​ပ​လောက်​ပါ။ ထို​မြေ​တွင်​အရှင်​၏​မယား​ကို​သင်္ဂြိုဟ်​ပါ​လော့'' ဟု​ဆို​လေ​၏။-

16 အာ​ဗြ​ဟံ​သည်​သ​ဘော​တူ​၍​လူ​တို့​ရှေ့​တွင်​ဧ​ဖ​ရုန်​တန်​ဖိုး​ဖြတ်​သော​ငွေ​သား​လေး​ရာ​ကို​ကုန်​သည်​သုံး​စံ​ချိန်​အ​ရ​ချိန်​တွယ်​၍​ဧ​ဖ​ရုန်​အား​ပေး​လေ​၏။

17 ထို​သို့​အား​ဖြင့်​မံ​ရေ​မြို့​အ​ရှေ့၊ မပ္ပေလ​အ​ရပ်​တွင်​ရှိ​သော​ဧ​ဖ​ရုန်​ပိုင်​မြေ​ကွက်​သည်​အာ​ဗြ​ဟံ​ပိုင်​မြေ​ဖြစ်​လာ​သည်။ သူ​ပိုင်​သော​မြေ​ကွက်​တွင်​ဂူ​နှင့် မြေ​ကွက်​ပေါ်​တွင်​ပေါက်​သ​မျှ​သော​သစ်​ပင်​များ၊ မြေ​ကွက်​အ​စွန်း​တိုင်​အောင်​ပေါက်​သ​မျှ​သော​သစ်​ပင်​များ​ပါ​ဝင်​လေ​သည်။-

18 ထို​အ​စည်း​အ​ဝေး​တွင်​ရှိ​ကြ​သော​ဟိတ္တိ​အ​မျိုး​သား​အ​ပေါင်း​တို့​က​ထို​မြေ​ကွက်​ကို​အာ​ဗြ​ဟံ​၏​ပိုင်​မြေ​အ​ဖြစ်​အ​သိ​အ​မှတ်​ပြု​ကြ​၏။

19 ထို​နောက်​အာ​ဗြ​ဟံ​သည်​သူ​၏​မ​ယား​စာ​ရာ​အ​လောင်း​ကို​ခါ​နာန်​ပြည်​ရှိ​ထို​ဂူ​တွင်​သင်္ဂြိုဟ်​လေ​သည်။-

20 သို့​ဖြစ်​၍​ဟိတ္တိ​အ​မျိုး​သား​တို့​ပိုင်​သော​မြေ​ကွက်​နှင့်​ဂူ​သည်​အာ​ဗြ​ဟံ​ပိုင်​သင်္ချိုင်း​မြေ​ဖြစ်​လာ​လေ​သည်။