31 ``ထာဝရဘုရားထံမှကောင်းချီးမင်္ဂလာခံ ရသောသူ၊ ကျွန်ုပ်၏အိမ်သို့ကြွပါ။ ဤနေရာ တွင်အဘယ်ကြောင့်ရပ်နေပါသနည်း။ ကျွန်ုပ် ၏အိမ်တွင်သင်တည်းခိုရန်အခန်းကိုအသင့် ပြင်ပြီးပါပြီ။ သင်၏ကုလားအုတ်များနေ စရာလည်းရှိပါသည်'' ဟုခေါ်ဖိတ်လေသည်။
32 သို့ဖြစ်၍ထိုသူသည်လာဗန်တို့၏အိမ်သို့လိုက် ပါလာ၏။ လာဗန်သည်ကုလားအုတ်များမှဝန် စည်များကိုချပြီးလျှင် တိရစ္ဆာန်များကိုကောက် ရိုးနှင့်အစာကျွေးလေ၏။ ထိုနောက်အာဗြဟံ၏ အစေခံနှင့်သူ၏အဖော်တို့ခြေဆေးရန်ရေ ကိုလည်းယူခဲ့သည်။-
33 သူတို့အတွက်စားစရာကိုပြင်ဆင်ပြီးသော အခါထိုသူက``ကျွန်ုပ်ပြောစရာရှိသမျှ ကိုပြောပြပြီးမှအစာစားပါမည်'' ဟုဆို လေ၏။လာဗန်က``ပြောပါ'' ဟုဆို၏။-
34 ထိုသူက``ကျွန်ုပ်သည်အာဗြဟံ၏အစေခံ ဖြစ်ပါသည်။-
35 ထာဝရဘုရားသည်ကျွန်ုပ်၏သခင်အားကောင်း ချီးမင်္ဂလာများစွာချပေးသဖြင့် သူသည်ကြွယ် ဝချမ်းသာလာပါသည်။ ထာဝရဘုရားသည် သူ့အားသိုးအုပ်၊ ဆိတ်အုပ်၊ ရွှေ၊ ငွေ၊ ကျွန်ယောကျာ်း၊ ကျွန်မိန်းမ၊ ကုလားအုတ်နှင့်မြည်းများကိုပေး တော်မူပြီ။-
36 ကျွန်ုပ်သခင်၏မယားစာရာသည်အရွယ်အို မှသားတစ်ယောက်ကိုဖွားမြင်ခဲ့သည်။ ကျွန်ုပ် ၏သခင်သည်ထိုသားအားမိမိပိုင်ဆိုင်သမျှ တို့ကိုပေးအပ်ထားပါသည်။-
37 သခင်ကလည်းကျွန်ုပ်အား`သင်သည်ငါ၏သား အတွက် မယားကိုခါနာန်ပြည်ရှိအမျိုးသမီး များထဲမှမရှာရ။-