ကမ္ဘာ​ဦး 24:59-65 BCL

59 ရေ​ဗက္က​နှင့်​သူ​၏​အ​ထိန်း​ကို​အာ​ဗြ​ဟံ​၏ အ​စေ​ခံ​လူ​စု​နှင့်​အ​တူ​လိုက်​ပါ​သွား​စေ ကြ​၏။-

60 သူ​တို့​က၊``ငါ​တို့​၏​နှမ​သည်​လူ​ပေါင်း​သိန်း​သန်း​တို့​၏ မိ​ခင်​ဖြစ်​ပါ​စေ။သင်​၏​အ​မျိုး​အ​နွယ်​တို့​သည်​ရန်​သူ​တို့​၏​မြို့ များ​ကို တိုက်​ခိုက်​အောင်​မြင်​ကြ​ပါ​စေ'' ဟု​ဆို​၍ရေ​ဗက္က​အား​ကောင်း​ချီး​ပေး​ကြ၏။

61 ထို​နောက်​ရေ​ဗက္က​နှင့်​သူ​၏​ကျွန်​မ​များ​တို့​သည် ကု​လား​အုတ်​များ​ကို​စီး​၍ အာ​ဗြ​ဟံ​၏​အ​စေ ခံ​နှင့်​အ​တူ​လိုက်​ပါ​သွား​ကြ​လေ​သည်။

62 ဣ​ဇာက်​သည်``ငါ့​ကို​မြင်​တော်​မူ​သည့်​အ​သက်​ရှင် တော်​မူ​သော​အ​ရှင်​၏​ရေ​တွင်း'' ဟူ​သော​နာ​မည် ရှိ​ရာ​တော​ကန္တာရ​သို့​ရောက်​လာ​၍ ခါ​နာန်​ပြည် တောင်​ပိုင်း​တွင်​နေ​ထိုင်​လျက်​ရှိ​၏။-

63 ည​နေ​ချမ်း​အ​ချိန်​၌​သူ​သည်​လယ်​ကွင်း​ထဲ တွင်​ကု​လား​အုတ်​များ​လာ​နေ​သည်​ကို​မြင် ရ​လေ​၏။-

64 ရေ​ဗက္က​သည်​ဣ​ဇာက်​ကို​မြင်​လျှင်​ကု​လား​အုတ် ပေါ်​မှ​ဆင်း​၍၊-

65 ``လယ်​ကွင်း​ထဲ​၌​ကျွန်ုပ်​တို့​ထံ​သို့​လာ​နေ​သူ ကား​မည်​သူ​ပါ​နည်း'' ဟု​အာ​ဗြ​ဟံ​၏​အ​စေ ခံ​အား​မေး​လေ​၏။``ကျွန်ုပ်​၏​သ​ခင်​ဖြစ်​ပါ​သည်'' ဟု​ဖြေ​လျှင် ရေ​ဗက္က​သည်​ပု​ဝါ​ကို​ယူ​၍​မျက်​နှာ​ကို​ဖုံး​လိုက်​၏။