ကမ္ဘာ​ဦး 25:12-18 BCL

12 အာ​ဗြ​ဟံ​နှင့်​စာ​ရာ​၏​ကျွန်​မ​အီ​ဂျစ်​အ​မျိုး သ​မီး​ဟာ​ဂ​ရ​တို့​ရ​သော​သား​ဣ​ရှ​မေ​လ​၏ သား​စဉ်​မြေး​ဆက်​တို့​ကို​ဖော်​ပြ​ပေ​အံ့။-

13 ဣ​ရှ​မေ​လ​၏​ကြီး​စဉ်​ငယ်​လိုက်​သား​များ​၏ နာ​မည်​များ​မှာ​သား​ဦး​န​ဗာ​ယုတ်၊ ကေ​ဒါ၊ အာ​ဒ​ဗေ​လ၊ မိ​ဗ​သံ၊-

14 မိ​ရှ​မ၊ ဒု​မာ၊ မာ​စ၊-

15 ဟာ​ဒဒ်၊ တေ​မ၊ ယေ​တု​ရ၊ နာ​ဖိ​ရှ​နှင့်​ကေ​ဒ​မာ တို့​ဖြစ်​ကြ​သည်။-

16 ဣ​ရှ​မေ​လ​၏​သား​တို့​သည်​အ​နွယ်​တစ်​ဆယ့် နှစ်​မျိုး​တို့​၏​ဖ​ခင်​များ​ဖြစ်​ကြ​၍ သူ​တို့​နေ ထိုင်​ရာ​ကျေး​ရွာ​နှင့်​စ​ခန်း​ချ​ရာ​အ​ရပ်​များ ကို​သူ​တို့​၏​နာ​မည်​များ​ဖြင့်​ခေါ်​တွင်​ကြ​လေ သည်။-

17 ဣ​ရှ​မေ​လ​သည်​အ​သက်​တစ်​ရာ့​သုံး​ဆယ့်​ခု​နစ် နှစ်​ရှိ​သော်​ကွယ်​လွန်​လေ​သည်။-

18 ဣ​ရှ​မေ​လ​၏​အ​ဆက်​အ​နွယ်​တို့​သည်​အီ​ဂျစ် ပြည်​အ​ရှေ့​ဘက်​အာ​ရှု​ရိ​ပြည်​သို့​သွား​ရာ​လမ်း တွင် ဟ​ဝိ​လ​မြို့​နှင့်​ရှု​ရ​မြို့​အ​ကြား​ရှိ​ဒေ​သ တွင်​နေ​ထိုင်​ကြ​သည်။ သူ​တို့​သည်​အာ​ဗြ​ဟံ​၏ အ​ခြား​သော​အ​ဆက်​အ​နွယ်​တို့​နှင့်​တ​သီး တ​ခြား​နေ​ထိုင်​ကြ​လေ​သည်။