ကမ္ဘာ​ဦး 25:19-25 BCL

19 အာ​ဗြ​ဟံ​သား​ဣ​ဇာက်​၏​အတ္ထု​ပ္ပတ္တိ​ကို​ဖော်​ပြ ပေ​အံ့။-

20 ဣ​ဇာက်​သည်​အ​သက်​လေး​ဆယ်​ရှိ​သော​အ​ခါ ပါ​ဒ​နာ​ရံ​ပြည်​မှ ရှု​ရိ​အ​မျိုး​သား​ဗေ​သွေ​လ ၏​သ​မီး၊ လာ​ဗန်​၏​နှ​မ​ရေ​ဗက္က​နှင့်​အိမ်​ထောင် ပြု​လေ​သည်။-

21 ရေ​ဗက္က​တွင်​သား​သ​မီး​မ​ထွန်း​ကား​သ​ဖြင့် ဣ​ဇာက် သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​၌​သား​သ​မီး​ဆု​ကို တောင်း​လေ​သည်။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​၏ ဆု​တောင်း​သံ​ကို​နား​ညောင်း​တော်​မူ​၍​ရေ​ဗက္က ၌​ပဋိ​သန္ဓေ​စွဲ​လေ​၏။-

22 သူ​၏​ပဋိ​သန္ဓေ​မှာ​က​လေး​အ​မြွှာ​တည်​၍​ထို က​လေး​တို့​သည်​မ​မွေး​ဖွား​မီ​က အ​မိ​၏​ဝမ်း ထဲ​မှာ​အ​ချင်း​ချင်း​အား​ပြိုင်​ကြ​၏။ ထို​အ​ခါ ရေ​ဗက္က​က``ကျွန်​မ​တွင်​အ​ဘယ်​ကြောင့်​ဤ​သို့ ဖြစ်​ရ​သ​နည်း'' ဟု​ဆို​၍​ထာ​ဝ​ရ​ဘု​ရား ထံ​လျှောက်​ထား​လေ​သည်။

23 ထာ​ဝ​ရ​ဘု​ရား​က​ရေ​ဗက္က​အား ``သင်​၏​ဝမ်း​ထဲ​၌​လူ​နှစ်​မျိုး​ရှိ​၏။သင်​သည်​အ​ချင်း​ချင်း​ပြိုင်​ဆိုင်​မည့် လူ​မျိုး​နှစ်​မျိုး​ကို​ဖွား​မြင်​မည်။လူ​မျိုး​တစ်​မျိုး​သည်​အ​ခြား​တစ်​မျိုး​ထက် ခွန်​အား​ကြီး​မည်။အ​ကြီး​ဖြစ်​သူ​က​အ​ငယ်​၏​အ​စေ​ကို​ခံ ရ​မည်'' ဟု​မိန့်​တော်​မူ​၏။

24 ရေ​ဗက္က​သည်​သား​ဖွား​ချိန်​စေ့​သော​အ​ခါ သား အ​မြွှာ​ကို​ဖွား​မြင်​လေ​သည်။-

25 အ​ဦး​ဖွား​သော​သား​သည်​အ​ဆင်း​နီ​၍​အ​မွေး ထူ​သ​ဖြင့်​ဧ​သော​ဟု​နာ​မည်​မှည့်​လေ​သည်။-