ကမ္ဘာ​ဦး 25:23-29 BCL

23 ထာ​ဝ​ရ​ဘု​ရား​က​ရေ​ဗက္က​အား ``သင်​၏​ဝမ်း​ထဲ​၌​လူ​နှစ်​မျိုး​ရှိ​၏။သင်​သည်​အ​ချင်း​ချင်း​ပြိုင်​ဆိုင်​မည့် လူ​မျိုး​နှစ်​မျိုး​ကို​ဖွား​မြင်​မည်။လူ​မျိုး​တစ်​မျိုး​သည်​အ​ခြား​တစ်​မျိုး​ထက် ခွန်​အား​ကြီး​မည်။အ​ကြီး​ဖြစ်​သူ​က​အ​ငယ်​၏​အ​စေ​ကို​ခံ ရ​မည်'' ဟု​မိန့်​တော်​မူ​၏။

24 ရေ​ဗက္က​သည်​သား​ဖွား​ချိန်​စေ့​သော​အ​ခါ သား အ​မြွှာ​ကို​ဖွား​မြင်​လေ​သည်။-

25 အ​ဦး​ဖွား​သော​သား​သည်​အ​ဆင်း​နီ​၍​အ​မွေး ထူ​သ​ဖြင့်​ဧ​သော​ဟု​နာ​မည်​မှည့်​လေ​သည်။-

26 ဒု​တိ​ယ​သား​သည်​ဧ​သော​၏​ဖ​နောင့်​ကို​ဆုပ် ကိုင်​လျက်​မွေး​ဖွား​လာ​သ​ဖြင့် ယာ​ကုပ်​ဟု​နာ မည်​မှည့်​လေ​သည်။ ထို​သား​များ​မွေး​ဖွား​သော အ​ခါ​ဣ​ဇာက်​သည်​အ​သက်​ခြောက်​ဆယ်​ရှိ​ပြီ ဖြစ်​၏။

27 သူ​ငယ်​တို့​သည်​လည်း​ကြီး​ပြင်း​လာ​ကြ​၏။ ဧ​သော​သည်​တော​၌​ကျက်​စား​သော​မု​ဆိုး ကောင်း​ဖြစ်​လာ​၏။ ယာ​ကုပ်​မူ​ကား​အိမ်​တွင် အေး​ချမ်း​စွာ​နေ​သော​သူ​ဖြစ်​၏။-

28 ဣ​ဇာက်​သည်​ဧ​သော​အ​မဲ​လိုက်​၍​ရ​သော အ​မဲ​ကို​နှစ်​သက်​သ​ဖြင့် ဧ​သော​ကို​ချစ်​၏။ သို့​ရာ​တွင်​ရေ​ဗက္က​သည်​ယာ​ကုပ်​ကို​ချစ်​၏။

29 တစ်​နေ့​သ​၌​ယာ​ကုပ်​သည်​ပဲ​ဟင်း​ကို​ချက်​နေ စဉ် ဧ​သော​သည်​အ​မဲ​လိုက်​ရာ​မှ​ပြန်​ရောက် လာ​၏။ သူ​သည်​ဆာ​လောင်​သ​ဖြင့်၊-