ကမ္ဘာ​ဦး 25:26-32 BCL

26 ဒု​တိ​ယ​သား​သည်​ဧ​သော​၏​ဖ​နောင့်​ကို​ဆုပ် ကိုင်​လျက်​မွေး​ဖွား​လာ​သ​ဖြင့် ယာ​ကုပ်​ဟု​နာ မည်​မှည့်​လေ​သည်။ ထို​သား​များ​မွေး​ဖွား​သော အ​ခါ​ဣ​ဇာက်​သည်​အ​သက်​ခြောက်​ဆယ်​ရှိ​ပြီ ဖြစ်​၏။

27 သူ​ငယ်​တို့​သည်​လည်း​ကြီး​ပြင်း​လာ​ကြ​၏။ ဧ​သော​သည်​တော​၌​ကျက်​စား​သော​မု​ဆိုး ကောင်း​ဖြစ်​လာ​၏။ ယာ​ကုပ်​မူ​ကား​အိမ်​တွင် အေး​ချမ်း​စွာ​နေ​သော​သူ​ဖြစ်​၏။-

28 ဣ​ဇာက်​သည်​ဧ​သော​အ​မဲ​လိုက်​၍​ရ​သော အ​မဲ​ကို​နှစ်​သက်​သ​ဖြင့် ဧ​သော​ကို​ချစ်​၏။ သို့​ရာ​တွင်​ရေ​ဗက္က​သည်​ယာ​ကုပ်​ကို​ချစ်​၏။

29 တစ်​နေ့​သ​၌​ယာ​ကုပ်​သည်​ပဲ​ဟင်း​ကို​ချက်​နေ စဉ် ဧ​သော​သည်​အ​မဲ​လိုက်​ရာ​မှ​ပြန်​ရောက် လာ​၏။ သူ​သည်​ဆာ​လောင်​သ​ဖြင့်၊-

30 ယာ​ကုပ်​အား``ငါ​အ​လွန်​ဆာ​လောင်​၏။ ထို​ပဲ ဟင်း​အ​နီ​ကို​ငါ​စား​ပါ​ရ​စေ'' ဟု​တောင်း လေ​သည်။ (ထို့​ကြောင့်​သူ့​အား​ဧ​ဒုံ​နာ​မည် ဖြင့်​ခေါ်​တွင်​ကြ​၏။)

31 ထို​အ​ခါ​ယာ​ကုပ်​က``သား​ဦး​အ​ရာ​ကို ပေး​လျှင်​ဟင်း​ကို​ပေး​မည်'' ဟု​ဆို​လေ​သည်။

32 ဧ​သော​က``ငါ​သည်​သေ​လု​အောင်​ဆာ​နေ​ပြီ။ သား​ဦး​အ​ရာ​သည်​ငါ့​အ​ဖို့​မည်​ကဲ့​သို့ အ​ကျိုး​ထူး​ရှိ​နိုင်​မည်​နည်း။ သား​ဦး​အ​ရာ ကို​ယူ​လော့'' ဟု​ပြန်​ဖြေ​၏။