ကမ္ဘာ​ဦး 25:5-12 BCL

5 အာ​ဗြ​ဟံ​သည်​မိ​မိ​၏​ပစ္စည်း​ဥစ္စာ​ရှိ​သ​မျှ​ကို ဣ​ဇာက်​အား​အ​မွေ​ပေး​၏။-

6 သို့​ရာ​တွင်​သူ​အ​သက်​ရှင်​စဉ်​အ​ခြား​သော​မ​ယား တို့​နှင့်​ရ​သော​သား​တို့​အား​လည်း လက်​ဆောင်​များ ကို​ပေး​၍​ဣ​ဇာက်​နှင့်​ဝေး​ရာ​အ​ရှေ့​ပြည်​သို့​ပြောင်း ရွှေ့​နေ​ထိုင်​စေ​သည်။

7-8 အာ​ဗြ​ဟံ​သည်​အ​သက်​တစ်​ရာ့​ခု​နစ်​ဆယ်​ငါး နှစ်​ရှိ​သော်​အို​မင်း​လျက်၊ နေ့​ရက်​ကာ​လ​များ​စွာ ပြည့်​စုံ​ခြင်း​နှင့်​တ​ကွ၊ နောက်​ဆုံး​ထွက်​သက်​ကို ရှူ​၍​မိ​မိ​လူ​မျိုး​စု​နှင့်​စု​ဝေး​ခွင့်​ရ​လေ​၏။-

9 သား​များ​ဖြစ်​ကြ​သော​ဣ​ဇာက်​နှင့်​ဣ​ရှ​မေ​လ တို့​သည် မံ​ရေ​မြို့​အ​ရှေ့​ဘက်​ရှိ​ဟိတ္တိ​အ​မျိုး​သား ဇော​ရ​၏​သား​ဧ​ဖ​ရုန်​ပိုင်​ခဲ့​သော​မြေ​ကွက်​တွင် မပ္ပေလ​ဂူ​၌​ဖ​ခင်​ကို​သင်္ဂြိုဟ်​ကြ​၏။-

10 မြေ​ကွက်​မှာ​ဟိတ္တိ​အ​မျိုး​သား​တို့​ထံ​မှ​အာ​ဗြ​ဟံ ဝယ်​ယူ​ခဲ့​သော​မြေ​ကွက်​ဖြစ်​၏။ စာ​ရာ​ကို​သင်္ဂြိုဟ် ရာ​သင်္ချိုင်း​တွင်​အာ​ဗြ​ဟံ​ကို​သင်္ဂြိုဟ်​ကြ​၏။-

11 အာ​ဗြ​ဟံ​ကွယ်​လွန်​ပြီး​နောက်``ငါ့​ကို​မြင် တော်​မူ​သည့်​အ​သက်​ရှင်​တော်​မူ​သော​အ​ရှင် ၏​ရေ​တွင်း'' အ​နီး​၌​နေ​ထိုင်​သော​ဣ​ဇာက်​ကို ဘု​ရား​သ​ခင်​ကောင်း​ချီး​ပေး​တော်​မူ​၏။

12 အာ​ဗြ​ဟံ​နှင့်​စာ​ရာ​၏​ကျွန်​မ​အီ​ဂျစ်​အ​မျိုး သ​မီး​ဟာ​ဂ​ရ​တို့​ရ​သော​သား​ဣ​ရှ​မေ​လ​၏ သား​စဉ်​မြေး​ဆက်​တို့​ကို​ဖော်​ပြ​ပေ​အံ့။-